Chapter 1

1K 48 2
                                    

"ငါအဲ့လိုရေးခဲ့တာသေချာလို့လား...ငါမမှတ်မိတော့ဘူးဟ"

ညအိပ်မီးရောင်နှင့်ကွန်ပျူတာscreenမှထွက်နေသောအလင်းရောင်မှအပ အိပ်ခန်းတစ်ခုလုံးက မဲမှောင်နေသည်။ကွန်ပျူတာရှေ့မှာထိုင်ကာကီးဘုတ်ကိုတချောက်ချောက်မြည်အောင်ရိုက်နေပြီး စာဖတ်နေသော ကောင်လေးဆီမှရေရွတ်သံထွက်လာသည်။
online novelsတွေရေးသော otakuလေးအနေဖြင့်သူက တော်တော်များများကိုပရိတ်သတ်တွေရှိနေပြီဖြစ်ကာ.....စာစရေးပြီးနှစ်နှစ်လောက်အကြာမှာတော့ ပြဿနာစပေါ်လာသည်။
အဲ့ဒီပြဿနာကဒီလိုစတယ်။

လွန်ခဲ့တဲ့ရက်ကသူ့ရဲ့ငါးပုဒ်မြောက်novelကိုအဆုံးသတ်တော့မည်ဖြစ်ကြောင်းအသိပေးခဲ့ရာမှစတင်ခဲ့သည်။

ဂဏန်းငါးလုံးကျော်သောသူရဲ့အမာခံပရိတ်သတ်တွေကစတင်ညည်းညူလာကြသည်။

[​ရှောင်ပေါင်းဇီရဲ့အနှစ်လေး:ဘာလဲဘာလဲဒီတစ်ခါရောအရင်လိုဘဲလားငါ့ရဲ့ အမြှောက်စာလေးက အဆုံးသတ်ထိပါမလာဘူးဟ]

[ocean di di:ဟုတ်တယ်ငါတို့ရဲ့အမြှောက်စာအလှလေးက အရင်လိုဘဲအဆုံးသတ်ထိဘာလိုပါမလာရတာလဲ...ဒီစာရေးသူကnovelsငါးပုဒ်လုံးဒီလိုချည်းဘဲ]

[xioa xiao:အပေါ်ထပ်ကိုထောက်ခံပါတယ်]

[...................... : .........+1]

[+1]

[+1]

commentတွေကိုဖတ်ပြီးနောက်သူ့ရဲ့အရင်pageတွေကိုသွားကအဟောင်းတွေကိုဖတ်ကြည့်နေတာဒီနေ့တစ်ညလုံးဘဲ။
အမ်...ဒီနေ့တစ်နေ့လုံးဘဲ။

အဆုံးမှာတော့သူ့ရဲ့ချို့ယွင်းမှုကိုလက်ခံလိုက်ရပြီး သူ့ရဲ့ပရိတ်သတ်တွေကိုချော့ဖို့ ပြန်ပြီးအသိပေးစာရေးလိုက်တော့သည်။

[ကောင်းပါပြီ နောက်အပုဒ်တွေမှာငါဒီလိုအမှားလုပ်တော့မှာမဟုတ်ဘူး မင်းတို့စောင့်မျှော်ပေးကြပါဉီး]

ထို့နောက်ကွန်ပျူတာကိုလှည့်မကြည့်တော့ဘဲအိပ်စက်အနားယူဖို့ခုတင်ဆီကိုတွန်းတိုက်လျှောက်လာလိုက်သည်။ကွန်ပျူတာscreenကအဆက်မပြတ်တက်လာနေသောcommentsတွေကိုသူမကြည့်မိလိုက်တော့ဘူး။

အဲ့ဒါကြောင့်တစ်ခုခုမူမမှန်နေတာကိုသူမသိလိုက်တော့ဘူး။

ငါးဆားနယ်လေးရဲ့လက်ဖက်ရည်ဆိုင် (syetem)Where stories live. Discover now