Chapter 4

221 16 2
                                    

    အရှင်
ဧကရာဇ် ရောက်ရှိလာကြောင်း အသိပေးရန်  အတွက် အာဗြဲနှင့် အော်ရန်ပြင်နေသော
ကုန်းကုန်းအား ရပ်တန့်ရန် လက်ဖြင့်အချက်ပြမှုကြောင့် ဦးညွှတ်အရိုသေပေးပြီးနောက်ရပ်တန်လိုက်သည်။ တံခါးအား ဖွင့်လိုက်ကာ ကေရာဇ်ဝင်ရောက် သွားပြီးနောက် တံခါးအား အသံမမြည်အောင် ပြန်ပိတ်ပေးလိုက်ကာ တံခါးနံဘေးတွင် ပြန်ရပ်နေပြန်သည်။
အကယ်၍သူတို့ သာယုန်များဖြစ်လျင် သူတို့၏ နားရွက်များမှာ မိုးပေါ်ပင် ထောင်နေကြလောက်သည်။
သူတို့ကြာ: ရသည့် ခိုင်လုံသည့်သတင်းများ အရ မနေ့ညက ဧကရာဇ်နှင့် ဧကရီတို့၏ အချစ်တိုက်ပွဲသံသည် အလွန်ကျယ်လောင်ပြီး သန်းခေါင်ကျော်သည်ထိတိုင်အောင်ပင် မရပ်တန့်ဟုပြောကြသည်။

သို့သော်လည်းသူတို့မှာမူသူတို့၏စပ်စုလိုစိတ်အားလုံးဝကိုထုတ်ဖော်ရဲ ကြမည်မဟုတ်ချေ။
ဤသည်ကားအရှင်သခင်နှင့်အရှင်ဧကရီဖြစ်ပြီး ပြောချင်တိုင်းပြောနိုင်သော ပုဂ္ဂိုလ် များမဟုတ်ကြချေ။




သလွန်ပေါ်ရှိခေါင်းလေးသာပေါ်နေသော သားရဲလူသားလေး၏မျက်နှာသည် သူလက်ဖဝါးထက်ပင်သေးပြီး မည်းနက်ကာလှပသည့်မျက်ခုံးများ နှင့်
နိုးနေသဖြင့်နေ ဝိုင်းစက်ကာ မျက်ရည်ဝဲနေသကဲ့အရည်လဲ့နေသောမျက်လုံးဝိုင်းဝိုင်းကြီးကြီးအားထူထဲမဲနက်ကာ ကော့ညွှတ်နေသော မျက်တောင်ရှည်ကြီးများနှင့်ကွယ်ထားပြီး ပါးမို့များမျက်ခမ်းစပ်နှင့်နှာတံသေးသေးလုံးလုံးလေးသည် နီရဲနေဆဲ။
သက်တောင့်သက်သာမရှိသည့်ပုံဖြင့် စူထွက်နေသောနူတ်ခမ်းလေးမှာ ကား မကျေနပ်နေဟန်ရှိသည်။

"ဟားးဟားးဟားးး"

လီယွီစိတ်မထိန်းနိုင်ဘဲရယ်မိတော့ ထိုခေါင်းလေးသည် စောင်ပုံအတွင်းမှလူးလွန့်လာပြီး မျက်တောင်ရှည်ကြီးများကတလှုပ်လှုပ်နှင့် ပွင့်လာကြပြီး သူ့အားကြည့်လာသည်။

"အိုအို...သူရူးသွားတာတော့မဟုတ်ပါဘူးနော်"

[သေချာတာပေါ့သူကဇာတ်လိုက်ဘဲဘယ်လိုလုပ်ရူးနိုင်မှာလဲ]

[ဒါနဲ့ hostအတွက်သတင်းကောင်းရှိနေတယ်ပရိတ်သတ်တွေကအခုဇာတ်လမ်းကိုနှစ်သက်ကြပြီး ပြုပြင်ပြောင်းလဲတာကပိုပြီးကောင်းတယ်လို့ ထောက်ခံကြတယ်။ဂုဏ်ယူပါတယ် hostက ပြီးမြောက်မှု 60%ရှိနေပါပြီ
ဖြောင်းးးဖြောင်းးးဖြောင်းး]

ငါးဆားနယ်လေးရဲ့လက်ဖက်ရည်ဆိုင် (syetem)Where stories live. Discover now