Chapter 2

519 35 3
                                    

မီးများလင်းထိန်နေပြီး သီးသန့်screenများ၊အချက်ပြကိရိယာများနှင့်ပြည့်နှက်နေသော အခန်းတွင်းတွင်ရှုပ်ထွေးမှုများရှိနေပြီး မမျှော်လင့်ထားသောပြဿနာများအတွက်ပြင်ဆင်ထားသည့် ပညာရှင်များသည်လည်း ​ချွေးများပင်ပြန်နေခဲ့ကြသည်။
တတီတီ မြည်နေသောအချက်ပေးသံနှင့် AIမှအဆက်မပြတ်ပြောဆိုနေသော သတိပေးမှုသည်
အခန်းတွင်းတီတီဆူညံနေပြီး အကုန်လုံးက အသက်ပင်ရဲရဲမရှူရဲကြချေ။

(လက်ခံသူတွင်အလွန်ကြောက်ရွံ့လွန်ကာသွေးလန့်သောလက္ခဏာများတွေ့နေရပြီး လက်ခံခန္ဒာကိုယ်၏ကျန်းမာရေး အချက်အလက်များကျဆင်းလာခြင်းအားတွေ့ရှိ 80%.....75%.....60%....
50%......43%......)

ကျဆင်းမှုအခြေအနေအားအဆက်မပြတ်ကြေငြာနေမှုသည် အလွန်မြန်ဆန်နေသောကြောင့် ပညာရှင်များသည်အရေးပေါ်အခြေအနေအား
ချက်ချင်းဆုံးဖြတ်ချက်ချလိုက်ရသည်။

ကျန်းမာရေးအခြေအနေအချက်ပြမှုသည်20%သို့ရောက်သည်နှင့် အခြေအနေဆိုးမြည်ဖြစ်ပြီး 15%နှင့်10%ကြားတွင်ကိုမာဝင်သွားနိုင်ချေမှာ100%ပင်။

ထို့ပြင် လက်ခံသူတွင်သွေးလန့်ခြင်းလက္ခဏာများလည်းတွေ့နေရသေးသည်။

ဒါက သူတို့ထိန်းချုပ်နိုင်သောအရာမဟုတ်ပေမယ့် အတတ်နိုင်ဆုံး ထိန်းချုပ်ဖို့ကြိုးစားပြီး ကျန်းမာရေးအချက်ပြမှု 21%တွင် လက်ခံခန္ဒာကိုယ်နှင့်လက်ခံသူအား လုံးဝကိုခတ္တအနားပေးခြင်းအားလုပ်ဆောင်နိုင်ခဲ့သည်။

********************************

ယနေ့ တွင် နန်းတော်ထဲ အခြေအနေများမှာ အချို့ကပျော်ရွှင်မြူးထူးနေသလောက် အချို့က ပူလောင်သောကတွေအပြည့်။
အထူးသဖြင့် အနောက်ဆောင်မှ နန်းတော်တွင်းသို့ဝင်လာသည်မှာတစ်နှစ်ပင်မပြည့်သေးသော
ကြင်ယာတော်များ၊မိဖုရားငယ်များနှင့်ကိုယ်လုပ်တော်များပင်ဖြစ်သည်။
မြင်းလှည်းများဝေါယာဉ်များပြည့်နေသောနန်းရင်ပြင်တွင်အချို့က ငိုကြွေးတောင်းပန်နေကြပြီးအိမ်ပြန်ခရီးအားလက်မခံနိုင်စွာ ကန့်ကွက်နေကြသည်။
သို့သော်လည်း အစောင့်စစ်သည်များကလုံးဝကိုအလျော့မပေးပါဘဲနှင့်မျက်နှာထားတင်းထားကြသည်။သုံးထောင်သောအလှလေးတွေကိုနေရပ်သို့ပြန်စေရန် ညသန်းခေါင်ကတည်းကပင် ဧကရာဇ်ကိုယ်တော်တိုင်
အမိန့်စာထုတ်လာခဲ့ပြီး
မိတ်ဖက်ကြင်ယာနှင့်တွေ့ဆုံသွားခဲ့ပြီဟု သူတို့သိခဲ့ရသည်။

ငါးဆားနယ်လေးရဲ့လက်ဖက်ရည်ဆိုင် (syetem)Where stories live. Discover now