"ငါအဲ့လိုရေးခဲ့တာသေချာလို့လား...ငါမမှတ်မိတော့ဘူးဟ"
ညအိပ်မီးရောင်နှင့်ကွန်ပျူတာscreenမှထွက်နေသောအလင်းရောင်မှအပ အိပ်ခန်းတစ်ခုလုံးက မဲမှောင်နေသည်။ကွန်ပျူတာရှေ့မှာထိုင်ကာကီးဘုတ်ကိုတချောက်ချောက်မြည်အောင်ရိုက်နေပြီး စာဖတ်နေသော ကောင်လေးဆီမှရေရွတ်သံထွက်လာသည်။
online novelsတွေရေးသော otakuလေးအနေဖြင့်သူက တော်တော်များများကိုပရိတ်သတ်တွေရှိနေပြီဖြစ်ကာ.....စာစရေးပြီးနှစ်နှစ်လောက်အကြာမှာတော့ ပြဿနာစပေါ်လာသည်။
အဲ့ဒီပြဿနာကဒီလိုစတယ်။လွန်ခဲ့တဲ့ရက်ကသူ့ရဲ့ငါးပုဒ်မြောက်novelကိုအဆုံးသတ်တော့မည်ဖြစ်ကြောင်းအသိပေးခဲ့ရာမှစတင်ခဲ့သည်။
ဂဏန်းငါးလုံးကျော်သောသူရဲ့အမာခံပရိတ်သတ်တွေကစတင်ညည်းညူလာကြသည်။
[ရှောင်ပေါင်းဇီရဲ့အနှစ်လေး:ဘာလဲဘာလဲဒီတစ်ခါရောအရင်လိုဘဲလားငါ့ရဲ့ အမြှောက်စာလေးက အဆုံးသတ်ထိပါမလာဘူးဟ]
[ocean di di:ဟုတ်တယ်ငါတို့ရဲ့အမြှောက်စာအလှလေးက အရင်လိုဘဲအဆုံးသတ်ထိဘာလိုပါမလာရတာလဲ...ဒီစာရေးသူကnovelsငါးပုဒ်လုံးဒီလိုချည်းဘဲ]
[xioa xiao:အပေါ်ထပ်ကိုထောက်ခံပါတယ်]
[...................... : .........+1]
[+1]
[+1]
commentတွေကိုဖတ်ပြီးနောက်သူ့ရဲ့အရင်pageတွေကိုသွားကအဟောင်းတွေကိုဖတ်ကြည့်နေတာဒီနေ့တစ်ညလုံးဘဲ။
အမ်...ဒီနေ့တစ်နေ့လုံးဘဲ။အဆုံးမှာတော့သူ့ရဲ့ချို့ယွင်းမှုကိုလက်ခံလိုက်ရပြီး သူ့ရဲ့ပရိတ်သတ်တွေကိုချော့ဖို့ ပြန်ပြီးအသိပေးစာရေးလိုက်တော့သည်။
[ကောင်းပါပြီ နောက်အပုဒ်တွေမှာငါဒီလိုအမှားလုပ်တော့မှာမဟုတ်ဘူး မင်းတို့စောင့်မျှော်ပေးကြပါဉီး]
ထို့နောက်ကွန်ပျူတာကိုလှည့်မကြည့်တော့ဘဲအိပ်စက်အနားယူဖို့ခုတင်ဆီကိုတွန်းတိုက်လျှောက်လာလိုက်သည်။ကွန်ပျူတာscreenကအဆက်မပြတ်တက်လာနေသောcommentsတွေကိုသူမကြည့်မိလိုက်တော့ဘူး။
အဲ့ဒါကြောင့်တစ်ခုခုမူမမှန်နေတာကိုသူမသိလိုက်တော့ဘူး။
YOU ARE READING
ငါးဆားနယ်လေးရဲ့လက်ဖက်ရည်ဆိုင် (syetem)
Roman d'amourOtaku အွန်လိုင်းဝတ္ထုစာရေးဆရာလေးရှဲ့ချီက systemတစ်ခုနဲ့ချိတ်ဆက်မိပြီးနောက် သူရေးသားခဲ့တဲ့စာအုပ်တွေကို ပြန်ပြင်ဖို့အတွက်missionတွေကိုလုပ်ဆောင်ခဲ့ရပါတယ်။ အပြင်လောကအကြောင်းကို လုံးဝမသိတတ်တဲ့ Hostလေးနဲ့သူ့ရဲ့ systemလေးက ဘယ်လိုအလွဲလေးတွေနဲ့ ဝတ္ထုကမဘာတွေ...