CHAPTER - 1

829 50 6
                                    

Recommend Songs for the whole fanfiction

[Hlwan Paing - It's Okay]
[Maximillian - Beautiful Scars]







- Unicode -













သေသပ်လှပလွန်းလှသည့် ဆိုင်ငယ်လေးတစ်ခုအတွင်း အချစ်သီချင်းချိုချိုလေးတစ်ပုဒ်က ပျံ့လွင့်နေလျက်။ အချိန်အတော်ကြာတဲ့အထိ တစ်နည်းအားဖြင့် သုံးနှစ်မျှကြာပြီးတဲ့ထိတိုင်အောင် ဆိုင်၏အပြင်အဆင်လေးက ပြောင်းလဲမသွားသေး။ ယခင်ထိုင်နေကျထက်တော့ ပို၍တိုးချဲ့လာသည့် အကျယ်အ၀န်းကိုတော့ လမ်းလျှောက်နေရင်းဖြင့် သတိထားလိုက်မိသည်။ မှန်သည်လေ၊ အချိန်ကြာလာရင်တော့ ပြောင်းလဲသင့်တာပြောင်းလဲရမှာပါပဲ။

ကော်ဖီမမှာခင် ကိတ်မုန့်လေးများတန်းစီထား‌သော စင်နားအရောက် သတိတရပင် ဆိုင်၏အရောင်းရဆုံး၊ သူ,အကြိုက်နှစ်သက်ဆုံးမုန့်လေးကို တွေ့လိုက်ရ၍ သဘောကျစွာ‌ပြုံးလိုက်မိသည်။

" ယွန်းရော ဒီကိုမုန့်လာ၀ယ်ဖြစ်သေးရဲ့လားမသိ "

မခေါ်ဖြစ်တာကြာပြီဖြစ်သော ကိုယ်ပိုင်နာမည်လေးတစ်ခုကို မသိလိုက်စွာပင်ရေရွတ်မိတော့ မပြုံးမရယ်ဖြစ်တဲ့ နှုတ်ခမ်းပါးတစ်စုံက အနူးညံ့ဆုံးကော့တက်နေလျက်။ တကယ်က အချစ်က လူကိုနူးညံ့စေသည်ဆိုသည်က မှန်သည်ထင်သည်။ ကြမ်းတမ်းခက်ထန်မှုများလည်း ရောထွေးမှုရှိနေ‌ပေမယ့်ပေါ့။

သောက်နေကျ အမေရိကာနိုတစ်ခွက်နှင့် စားနေကျ အထူးသဖြင့် ယွန်းအကြိုက်ဆုံး ပေါင်မုန့်လေးတစ်ခုကိုမှာပြီး ထိုင်နေကျနေရာနားလေးမှာပင် လွတ်နေသည်နှင့် ၀င်ထိုင်လိုက်မိသည်။ ဒါဆို ယွန်းကရော အရင်ကပုံစံတကျလေးအတိုင်းပဲ ရှိနေဦးမှာလား။ ထိုသို့တွေးမိတော့ နှလုံးသားကဆစ်ခနဲနာကျင်ရမိသည်။ ယွန်းအပေါ် ချစ်တာတစ်ခုတည်းအတွက်နဲ့ ချုပ်ချယ်ခဲ့သမျှ ပိတ်ပင်ခဲ့သမျှအရာအားလုံးအတွက် နောက်မှရတဲ့နောင်တက ပြင်းထန်လွန်းလှသည်။

" စိတ်ချပါ ယွန်း၊ ကိုယ် အရင်ကလိုမျိုးမဟုတ်တော့တာ မင်းမြင်စေရမှာပါ "

နားထောင်သူမရှိသည့် စကားတစ်ခွန်းကို တိုးသဲ့သဲ့ပြောကြားမိပြီးနောက် ကော်ဖီတစ်ငုံကိုယူသောက်လိုက်သည်။

𝗕𝗲𝘆𝗼𝗻𝗱 𝗛𝗼𝗽𝗲 [ 𝗬𝗨𝗡𝗞𝗜 ]Where stories live. Discover now