CHAPTER - 2

277 37 16
                                    

- Unicode -













" ဒီအအေးကလည်း ဘာလို့ထွက်မလာတယ်မသိ "

အကြွေစေ့၀င်သွားတာက မိနစ်ပိုင်းပင်ပြည့်တော့မည်၊ အခုထိထွက်မလာသေးသော အအေးကြောင့် နဂိုတည်းကမရှည်နေသည့် ဂျယ်ယွန်း၏စိတ်က ဆွဲဆန့်၍ပင်မရချင်တော့။

" အဲ့လောက်ဖြစ်လှတာ၊ မသောက်ဘူးကွာ "

" အသေး‌လေးက ပိုက်ဆံပေါနေပုံပဲ "

စိတ်တိုစွာဖြင့် နေရာမှပြန်ရန်ပြင်စဉ် ကြားလိုက်ရသည့်အသံကြောင့် လှည့်ကြည့်မိတော့ မနေ့ကတွေ့ခဲ့ရသည့် ပမာမခန့် ကျောင်းသား။

" မင်းအပူ ဘာပါလဲ၊ ပြီးတော့ လူကို အသေးလေး အသေးလေးနဲ့ မင်းကိုကရှည်လွန်းနေတာ "

စတွေ့တည်းက ကြည့်မရလွန်းပါသော ရေစက်က ကုန်သေးသည့်ပုံမပေါ်။

' ဘုန်း '

မပြောမဆို စက်ကို‌ခြေထောက်ဖြင့်ကန်လိုက်သောသူကြောင့် ဂျယ်ယွန်းကိုယ်လေး တုန်ခနဲ။ မေးချိန်မရခင်မှာတင် ကျလာသည့်အအေးဘူးကြောင့် ကြောင်ကြည့်နေမိသည်။ ဒါမျိုးကို ဇာတ်ကားတွေထဲမြင်ဖူးပေမယ့် ကန်လိုက်တာနဲ့ တကယ်ကြီးကျလာတာကိုတော့ ခုမှမြင်ဖူးခြင်း။

" ဟိုကျောင်းသားနှစ်ယောက်! အဲ့စက်က နဂိုတည်းက ပျက်ချင်နေပါတယ်ဆိုမှ ဘာလို့သွားကန်နေတာလဲ! "

အအေးဘူးကိုကောက်ခါနီးဆဲဆဲ အော်ကာအနားသို့လျှောက်လာသည့် စည်းကမ်းထိန်းသိမ်းရေးဆရာနှင့်အတူ လက်ကိုဖမ်းဆွဲလာသည့် အခြားလက်တစ်စုံကြောင့် နေရာကနေ အမြန်ပြေးပွဲ၀င်ရတော့သည်။ အသက်ရှူချိန်ပင်မရလောက်အောင် ရှေ့ကပြေးသွားသောသူကြောင့် လက်လည်းလွှတ်၍မရပေ ‌အမောတကောအမီလိုက်နေရသည်။

ကျောင်းကော်ရစ်ဒါထောင့်ရှိ လူရှင်းသောနေရာသို့ရောက်ပြီး ဆရာမလိုက်လာနိုင်တော့မှသာ ဟောဟဲဆိုက်ကာ အသက်အမြန်ရှူနေရသည်။

" ငါ့အအေးဘူးကျန်ခဲ့ပြီ၊ မင်းကြောင့်! "

ရပြီအထင်နှင့် အပိုင်တွက်ထားကာမှ ပြန်ထားခဲ့ရသည့်အဖြစ်ကိုတွေးရင်း စိတ်ကပြန်တိုလာရသည်။ ပုံမှန်ဆိုထိုမျှလောက် မဟုတ်ပေမယ့် ယနေ့မှသောက်ချင်နေသည့်အအေးကို မသောက်လိုက်ရ၍ စိတ်မကြည်နေခြင်းပင်။ ရှေ့က အချိုးမပြေသောကျောင်းသားကြောင့်လည်း ပါသည်ပေါ့လေ။

𝗕𝗲𝘆𝗼𝗻𝗱 𝗛𝗼𝗽𝗲 [ 𝗬𝗨𝗡𝗞𝗜 ]Donde viven las historias. Descúbrelo ahora