CHAPTER - 4

339 37 3
                                    

- Unicode -


















တိုးညှင်းစွာပျံ့လွင့်လာသည့် တေးသံစဉ်တို့ကို မခံစားနိုင်စွာ ဖြည်းညှင်းစွာ လျှောက်လှမ်းနေမိသည်။ လာရောက်ရန် လက်ခံမိသည်က ကိုယ်တိုင်ဖြစ်သော်ငြား တွေ့ရမည်ကို စိုးရွံ၍ ရှေ့သို့မရဲတရဲလှမ်းနေရသည့် ခြေလှမ်းတို့က သက်သေပင်။ သို့သော်လည်း ကတိပေးထားသည့်ကိစ္စမို့ စိတ်ကိုသာတင်းကာ ခြေလှမ်းတို့ကို သွက်စေလိုက်သည်။ သူ့ကိုလည်း ထပ်ပြီး တွေ့ချင်လွန်းလှပြီ။

" နီခီ၊ ဒီမှာ "

နေရာသို့ရောက်သည်နှင့် လက်လှမ်းပြကာ လှမ်းခေါ်နေသည့် ဂျယ်ယွန်းပုံစံက အရင်က‌နှင့် မပြောင်းမလဲ ချစ်စရာပုံစံလေးပင်။ ဘေးနားကလူပါ မပါခဲ့ရင်ပေါ့။

" နောက်ကျတယ်နော် နီခီ "

ဂျယ်ယွန်းရဲ့စကားကြောင့် တစ်ချက်သာပြုံးပြီး ပြန်တုံ့ပြန်လိုက်သည်။ ပြောစရာစကားတို့လည်း ရုတ်တရက်ထွက်မနေသေးတာပါမည်။ နောက်ကျနေသည့်အချိန်အတွင်း လာရမလာရလွန်ဆွဲနေရသည့်အပြင် နောက်ဆုံးတော့ မျက်နှာလေးအားမြင်ချင်စိတ်တစ်ခုဖြင့်သာ အားတင်းလာခဲ့ရသည်ကိုတော့ ပြောပြခွင့်ရှိမည်မဟုတ်။

" တွေ့ရတာ၀မ်းသာပါတယ် ဂျီဟွန်းပါ၊ ဂျယ်ယွန်းပြောပြလို့ အကုန်သိထားပါတယ် "

ကမ်းလှမ်းလာသည့် လက်တစ်ဖက်နှင့်အတူ ပြောလာသည့်စကားကြောင့် ဂျယ်ယွန်းကိုကြည့်မိတော့ လက်ဆွဲနှုတ်ဆက်ရန်သာ မေးဆတ်ပြလေသည်။

" တွေ့ရတာ၀မ်းသာပါတယ် "

တကယ်တမ်းတော့ ၀မ်းသာစရာကိစ္စဟုတ်မနေသော်လည်း ၀တ္တရားအနေဖြင့်သာ သေချာနှုတ်ဆက်ပြီး ထိုင်နေလိုက်တော့သည်။

" အထူးတလည်တော့ မိတ်ဆက်မပေးတော့ဘူးနော် နီခီ၊ မြင်တဲ့အတိုင်းပါပဲ "

တစ်ဖက်လက်မောင်းကိုချိတ်ဆွဲကာ ပြောနေသည့် ဂျယ်ယွန်းကြောင့် မျက်လုံးထဲ သဲ၀င်သွားသလိုပင် ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားမိရသည်။ တကယ်ကို ဂျယ်ယွန်းက အနေရခက်အောင် လုပ်တတ်တုန်းပဲ။

" အစ်ကို့ကို ဘာမှနေရခက်မနေနဲ့နော်၊ အကုန်သိထားတယ်ဆိုတာလည်း ဂျယ်ယွန်းဘက်က အစ်ကိုတို့စတွဲတည်းက အထင်လွဲတာတွေမဖြစ်စေချင်ဘူးဆိုပြီး အကုန်ပြောပြထားတာမလို့ပါ "

Yayımlanan bölümlerin sonuna geldiniz.

⏰ Son güncelleme: Sep 08, 2023 ⏰

Yeni bölümlerden haberdar olmak için bu hikayeyi Kütüphanenize ekleyin!

𝗕𝗲𝘆𝗼𝗻𝗱 𝗛𝗼𝗽𝗲 [ 𝗬𝗨𝗡𝗞𝗜 ]Hikayelerin yaşadığı yer. Şimdi keşfedin