- Unicode -
ညနေဘက် အစားအစာလည်း မှာစားမနေချင်တော့၍ အနားရှိ Mini Mart သို့သွား၍ တစ်ခုခု၀ယ်စားရင်း လိုအပ်သည်တို့ကို၀ယ်ရန် ပြင်လိုက်တော့သည်။ ပြန်ရောက်တာလည်း တစ်ပတ်တောင်မကြာသေး၍ ပစ္စည်းပစ္စယာကအစ အစားအသောက်အဆုံး အခက်အခဲတွေ့နေရသည်။ တစ်ချိန်က ဘယ်အရာမဆို ပူပင်စရာပင်မလိုနေပေမယ့်ပေါ့။
ဆိုင်သို့ရောက်သည်နှင့် တစ်ခါတည်းခေါက်ဆွဲပြုတ်သာ၀င်စားရန် အသင့်စားခေါက်ဆွဲထုပ်နှင့်အတူ ကြက်ဥပြုတ်ကိုပါယူရင်း ခေါက်ဆွဲပြုတ်ပြီးသည်နှင့် ထိုင်စားရန်နေရာတွင် ထိုင်စားနေမိသည်။ အရသာကတော့ သေချာပေါက် ယွန်းကြိုက်တတ်တဲ့တံဆိပ်ကိုသာ မသိစိတ်ကယူလာမိခြင်းပင်။ ခေါက်ဆွဲပြုတ်ကို စွဲမက်စွာမကြိုက်တတ်သောနီခီ့အတွက် ဂျယ်ယွန်းပြုတ်ကျွေးသမျှသာ တံဆိပ်တောင်မမေးမိဘဲ စားခဲ့ဖူးခြင်းပင်။ ယခုဟာကတော့ နီခီကိုယ်တိုင်ရော ဂျယ်ယွန်းကပါ အကြိုက်ဆုံးဖြစ်နေသည်။
အခုရော ခေါက်ဆွဲပြုတ်ကို မငြီးမငွေ့စားတတ်တုန်းပဲလားမသိနိုင်ပေမယ့် အတူရှိနေစဉ်ကတော့ အားနေခေါက်ဆွဲပြုတ်ပဲစားတတ်ကာ ကြိုက်လွန်းသည့်သူကို အငယ်တန်မဲ့ဆူခဲ့ရသေးသည်။ ဆူလိုက်လျှင်လည်း အမြဲလိုလိုစိတ်ကောက်တတ်ကြဂျယ်ယွန်းက ခေါက်ဆွဲပြုတ်နှင့်ပတ်သက်လျှင်တော့ ရန်ပင်ပြန်မတွေ့နိုင်ဘဲ မျက်နှာငယ်နှင့် ဒီတစ်ခါနောက်ဆုံးပဲဟူ၍ မရိုးနိုင်သည့်ကတိများပေးဆဲပင်။ ထိုသို့သောအခါတိုင်းလည်း နီခီ့ဘက်က အမြဲအလျှော့ပေးခဲ့မြဲပင်။
အတွေးတို့ကိုရပ်ပြီး ခေါက်ဆွဲများမပွခင်စားရင်း မျက်စိရှေ့ရှိလမ်းဘက်ကိုကြည့်မိတော့ အိမ်သို့ပြန်နေကြသည့် ကျောင်းသားများကိုကြည့်ရင်း ငယ်စဉ်ကဘ၀ကိုပင် သတိရမိလိုက်သည်။ ကျောင်းဆင်းသည်နှင့် အိမ်တန်းမပြန်ဘဲ ဂိမ်း၀င်ဆော့လိုက်၊ မုန့်၀င်စားလိုက်နှင့် အတူဖြတ်သန်းခဲ့ဖူးသည့် ယွန်းကိုတော့ သတိအရဆုံးပေါ့။ အနည်းငယ်ရွာကျလာသည့် မိုးဖွဲဖွဲတို့ကိုကြည့်ရင်း ယွန်းကိုစတင်ဖွင့်ပြောခဲ့သည့် အချိန်တို့ကလည်း ခေါင်းထဲပေါ်လာရပြန်သည်။

ESTÁS LEYENDO
𝗕𝗲𝘆𝗼𝗻𝗱 𝗛𝗼𝗽𝗲 [ 𝗬𝗨𝗡𝗞𝗜 ]
FanficNISHIMURA RIKI × SIM JAEYUN Present for @puppy_noona ♡ Cover by @puppy_noona (Thankyouuu><)