Part-20

394 6 10
                                    

(Unicode)

နေ့လယ် 11ခွဲတွင် စွမ်းရည်တစ်ယောက် ဗိုက်ဆာလာတာကြောင့် နိုးလာခဲ့လေသည်။ မနက်က ဟိုတစ်ယောက်ကို စိတ်ဆိုးကာ တစ်ဖက်လှည့်၍ မှေးလိုက်သည်ကို ဘယ်လိုအိပ်ပျော်သွားမှန်းမသိ။

အိပ်ရာမှထကာ အကြောဆန့်လိုက်ပြီး အခန်းအပြင်သို့ထွက်လိုက်လေသည်။

"အမေရေ...ဘာဟင်းချက်ထားလဲ? ဗိုက်ဆာတယ်....ဟင်..အမလေး ဗုဒ္ဓေါ!!!"

စွမ်းရည် ရုတ်တရက် ဧည့်ခန်းအတွင်းထိုင်နေသောထက်ပိုင်စိုးကိုတွေ့လိုက်ရသောကြောင့် လန့်ကာ အိပ်ချင်မူးတူးဖြစ်နေတာတောင် ပြယ်သွားသည်။

"အစ်ကိုရယ်..ဘယ်လိုဖြစ်တာလဲ ကျွန်တော့်ကိုတွေ့တာ သရဲတစ္ဆေကိုတွေ့တာကြနေတာပဲ..."

"ဟဲ့..ဘာဖြစ်တာတုန်း သားရဲ့.."

စွမ်းရည်ပင် ဘာမှပြန်မပြောရသေး အမေကထွက်လာကာ ‌စွမ်းရည်အားမေးလာသည်။

"သူကမပြန်သေးဘဲ ဘာလုပ်နေတာတုန်း အမေရဲ့.."

"ဒီမှာ နေ့လယ်စာစားသွားခိုင်းမို့လေ သားရဲ့.."

"ဟာ..အမေတို့ကလဲဗျာ...ပြန်ခိုင်းလိုက်တာမဟုတ်ဘူး! တကတဲ"

"ဟဲ့...ဘာလိုဖြစ်နေတာလဲ! ဟမ်! ဟင်းဟင်းးး"

ဒေါ်နန်းမေယှဉ်တစ်ယောက် သားဖြစ်သူကို သွားကြားထဲမှာ ထွက်သောလေ၏အသံဖြင့် ခပ်ကြိတ်ကြိတ်ပြောကာ ထက်ပိုင်စိုးဘက်လှည့်၍ ရယ်ပြလိုက်သည်။

ထက်ပိုင်စိုးလည်း ဒေါ်နန်းမေယှဉ်အား ပြန်လည်ပြုံးပြလိုက်သည်။

"ကဲ..ကဲ..သားအဖေလဲမကြာခင်ပြန်လာတော့မှာ.. သားလည်း လန်းသွားအောင် မျက်နှာလေးသစ် ပလုတ်လေးဘာလေးကျင်းလိုက်..ကြားလား! အမေဆိုင်စောင့်လိုက်အုံးမယ်"

စွမ်းရည်အမေ့စကားအား ခေါင်းသာညိတ်၍ အိမ်နောက်သို့ထွက်လာခဲ့လိုက်သည်။

ထွက်လာတုန်း တရှပ်ရှပ်ဖြင့်ကြားသောကြောင့် နောက်လှည့်ကြည့်လိုက်ရာ ထက်ပိုင်စိုးကိုတွေ့လိုက်လေသည်။

"မင်းကဘာလိုက်လုပ်တာလဲ? ဟွန်း!"

"တစ်ယောက်ထဲထိုင်နေရတာပျင်းလို့လေ.."

𝕐𝕠𝕦'𝕣𝕖 𝕄𝕪 𝕊𝕌ℕ𝕊ℍ𝕀ℕ𝔼 (Ongoing)Where stories live. Discover now