Part-15

186 4 0
                                    

(Unicode)
.
.
.

"ဘာဝယ်မလို့ပါလဲဗျ.."

စွမ်းရည် ဆိုင်ထဲဝင်လာသူအား ပြုံးကာနှုတ်ဆက်လိုက်သည်။ တဆက်တည်းကြည့်လိုက်တော့ ထိုကောင်လေးဖြစ်နေသည်။ ထိုကောင်လေးက နေ့စဉ်ညနေ6နာရီမထိုးခင်ဆိုအမြဲလာကာ မုန့်များလာဝယ်တတ်သည်။

ထိုကောင်လေးကတော့ စွမ်းရည်တစ်သက်မမေ့နိုင်တဲ့ ကောင်လေးပင်။ 'ထက်ပိုင်စိုး' ထက်ပိုင်စိုးကို ဟိုတလောက Barမှာတွေ့ကတည်းကမျက်မှန်းတန်းမိတာဖြစ်သည်။ ထိုနေ့ပြီးကတည်းက နေ့စဉ်ညနေ6နာရီမထိုးခင်ဆို အမြဲမုန့်လာဝယ်နေကြဖြစ်သည်။ ယခုလည်းမုန့်လာဝယ်ပြန်သည်။

"ဘယ်လောက်ကျလဲ"

"ဒါက 500၊ ဒါက 600၊ အအေးက 800 နှစ်ဗူးဆိုတော့ 1600 အားလုံးပေါင်း 2700..၊ ဒါပဲလား 300ဖိုးဘာယူအုံးမလဲ?"

"ပီကေတစ်ခုပေး တစ်ခုဘယ်လောက်လဲ?"

"300"

"ရော့..3000"

"ကျေးဇူးပါ။ ဖြည်းဖြည်းသွားပါ"

စွမ်းရည် ဆိုင်ထဲမှပြန်ထွက်သွားသောသူ၏ နောက်ကျောကို တဆုံးထိငေးနေလေသည်။ ဒါဟာသူလာဝယ်ပြီးတိုင်း စွမ်းရည်လုပ်နေကြအလုပ်တစ်ခု။

.....

ထက်ပိုင်စိုးကားပေါ်တက်ကာ မုန့်များအားဘေးမှ သူ့ညီအားပစ်ပေးလိုက်သည်။

"ဒါပဲလား အစ်ကို.."

"ဝယ်လာတာကိုကျေးဇူးတင်"

ထက်ပိုင်ကားမောင်းနေရင်း ဘေးမှရန်ပိုင့်အားပြောလိုက်သည်။ ဝယ်လာပေးတာကိုမှကျေးဇူးမတင်၊ ဂျီးကများနေသေးသည်။ ထက်ပိုင် စုတ်တစ်ချက်သပ်လိုက်သည်။

"မင်းကိုဘယ်သူမှမဝယ်ခိုင်းဘူး ဟျောင့်၊ မင်းဘာမင်း ညနေတိုင်း လာလာဝယ်နေပြီးတော့..ဘာလဲ၊ အဲ့ဆိုင်မှာ ကောင်မလေးချောချောလေးရှိလို့လား?"

ထက်ပိုင် ရန်ပိုင့်အားတစ်ချက်ကြည့်ကာ ရှေ့သို့ပြန်ကြည့်ကာမောင်းလိုက်သည်။

"ဟက်! မင်းတော်တော်စပ်စုပါလား ရန်ပိုင်၊ ငါ့သူငါဘယ်သူရှိလို့သွားသွား၊ ‌မင်းအပူပါလို့လား"

𝕐𝕠𝕦'𝕣𝕖 𝕄𝕪 𝕊𝕌ℕ𝕊ℍ𝕀ℕ𝔼 (Ongoing)Onde histórias criam vida. Descubra agora