Part-9

229 7 0
                                    

(Unicode)
.
.
.
.
.

ညနေ6နာရီရောက်တော့ လင်းခန့် ကောင်းကင်တို့အိမ်သို့သွားခဲ့သည်။ 6နာရီကွတ်တိရောက်တာတော့မဟုတ်။ 5မိနစ်10မိနစ်လောက်တော့နောက်ကျပေသည်။ လင်းခန့်ရောက်တော့ သုံးယောက်စလုံးစာဖတ်ခန်းထဲတွင်‌ရောက်နေပြီလို့ သိန်းအောင်ကပြောလေသည်။

မနေ့ကအနည်းငယ်သာဆူလိုက်ရသည်။ ဒီနေ့တန်းကိုလိမ်မာသွားကြပေသည်။ လင်းခန့် သူတို့သုံးယောက်ကိုဆူသာဆူ၊ပြောသာပြောရတာ ခပ်လန့်လန့်ပင်။ သိပ်မပြောရဲ၊ သူတို့ကကျောင်းရဲ့ဇိုးတွေပင်။ ကိုယ်ကသူတို့နှင့်ယဉ်လျှင် ပို၍လူကောင်သေးသည်။ ထို့ကြောင့်တစ်ခုခုဆိုပြန်၍ခုခံနိုင်မည်မဟုတ်။

"အားလုံး ဒီနေ့သင်သွားတာတွေကိုနားလည်ကြတယ်မလား?"

"ကျွန်တော်ကတော့နားလည်တယ် ကိုကို.."

"ကျွန်တော်လည်းနားလည်တယ် အစ်ကိုလင်းခန့်"

တစ်ယောက်သာကျန်တော့သည်ဖြစ်၍ လင်းခန့်ထိုသူအားကြည့်လိုက်တော့ ကိုယ်တွေဘာပြောနေကြမှန်းတောင်သိပုံမရတဲ့ ရန်ပိုင်စိုးက သူ့ကိုဝိုင်းကြည့်နေတော့ "သွားလို့ရပြီလား" ဟုမေးလာသည်။ လင်းခန့်ကြောင်အသွားရသည်။ ဘယ်လိုတောင်ပြောင်ချော်ချော်နိုင်မှုကြီးလဲ။ စိတ်ကိုအတတ်နိုင်ဆုံးလျှော့ကာ နောက်တစ်ခေါက်ပြန်ပြောလိုက်သည်။ အံကြိတ်သံလေးတော့ပါတာပေါ့။

"ဒီနေ့သင်တာတွေကိုနားလည်ရဲ့လားလို့မေးနေတာ"

"အာ...အဲ့တာလား၊ အင်းးးး နားလည်တယ်"

'သေချာလို့လား' ဟူသည့်အကြည့်ဖြင့်ကြည့်ပေးလိုက်တော့ ခေါင်းကိုအတွင်တွင်ညိတ်ကာ နားလည်ကြောင်းပြောလာသည်။

"ဒါဆို အစ်ကိုသွားပြီနော်"

"ဟုတ်ကဲ့ အစ်ကိုလင်းခန့်"

"ဟုတ်ကဲ့ပါ"

ထက်ပိုင်စိုးနှင့် ရန်ပိုင်စိုးသာပြန်ပြော၍ကောင်းကင်ကတော့ဘာမျှပြန်မပြောပေ။ လင်းခန့်လည်းစာဖတ်ခန်းမှ အပြင်သို့ထွက်ကာ ဦးလေးမိုးကောင်းကင်အားနှုတ်ဆက်ပြီး ပြန်လာခဲ့လိုက်သည်။ သို့သော် ခြံအပြင်ရောက်ရောက်ချင်းပင် ကောင်းကင်ကသူလိုက်ပို့မည်ဟုပြောကာ ကားထုတ်၍အတင်းပြောလာသည်။

𝕐𝕠𝕦'𝕣𝕖 𝕄𝕪 𝕊𝕌ℕ𝕊ℍ𝕀ℕ𝔼 (Ongoing)Opowieści tętniące życiem. Odkryj je teraz