Part-17

179 5 0
                                    

(Unicode)
.
.
.

နောက်တစ်နေ့မနက်တွင် ဟိုတယ်အခန်းတွင်းရှိလူသားနှစ်ယောက်ဟာ အချင်းချင်းပွေ့ဖက်ကာ အိပ်နေလေသည်။

"အင်း....ကျစ်..!"

စွမ်းရည် အပျင်းကြောဆန့်ကာ မျက်လုံးများကိုဖြည်းဖြည်းချင်းဖွင့်လိုက်သည်။ သို့သော်မနေ့ညကသောက်ထားသောအရှိန်ကြောင့် ခေါင်းမူးသွားလေသည်။ ထို့ကြောင့် ကျစ်တစ်ချက်သပ်လိုက်သည်။

ထို့နောက် စွမ်းရည်သူ့လက်ဖြင့် ကိုင်ထားသောအရာကိုသေချာစမ်းကြည့်နေမိသည်။ ပြီးနောက် တဖြည်းဖြည်းကြည့်လိုက်တော့...။

*ဟင်..ထက်...ထက်..ပိုင်စိုး..!! သူက ဘယ်လို...အားး ခေါင်းကိုက်လိုက်တာ..*

"အင်းး"

ထက်ပိုင် ပက်လက်အနေထားမှစွမ်းရည်ဘက်သို့တစ်စောင်းလှည့်လိုက်သည်။ ထိုအခါ‌စွမ်းရည်က မျက်စိအသာမှိတ်ကာ အိပ်ချင်ယောင်ဆောင်လိုက်သည်။

ထက်ပိုင်နိုးလာကာ ရက်ခွင်ထဲမှ လူသားလေးအားကြည့်လိုက်သည်။ ထို့နောက် ခန္ဓာကိုယ်ဆီအရောက် မျက်နှာပျက်သွားလေသည်။ သူ မနေ့ကနည်းနည်းလက်လွန်သွားသည်ထင် ထိုလူသား၏လည်ပင်းနှင့်ရင်ဘတ်တွေပေါ်မှာ Markingရာတွေကြည့်ပင်။

ထို့နောက် သူ့လက်ကို ထိုလူသား၏ခေါင်းအောက်မှခပ်ဖြည်းဖြည်းထုတ်ကာ ရေချိုးခန်းသို့ဝင်‌၍ မျက်နှာသစ် သန့်စင်ရန်လုပ်လိုက်သည်။

စွမ်းရည် ဘေးတွင်အေးစက်စက်လေကိုခံစားမိမှ မျက်လုံးဖွင့်လိုက်သည်။ ပြီးနောက် ထကြည့်လိုက်တော့ အောက်ပိုင်းကအင်မတန်နာကျင်နေသည်။ ထိုအခါအခြေနေကိုသိသွားပြီး ကြိုးစားထကာ ဘေးဘီကိုတစ်ချက်ဝေ့ဝဲကြည့်လိုက်သည်။

စွမ်းရည် ကုတင်အောက်ရှိသူ့ဘောင်းဘီကိုလှမ်းကောက်ကာ ဝတ်လိုက်ပြီး အင်္ကျီကိုရှာသည်။ သို့သော်မတွေ့ပေ။ ထို့နောက်လွယ်အိတ်ကိုတွေ့သွားပြီး ယူလိုက်ကာ ကျောင်းတွင် တစ်ခုခုဖြစ်လျှင်လဲရန်အပိုထည့်ထားသောအင်္ကျီကိုယူကာဝတ်လိုက်သည်။ ထို့နောက် စာအုပ်ကိုထုတ်ကာ တစ်ရွက်ဖြဲလိုက်ပြီး စာရေးကာ တင်ခဲ့လိုက်သည်။ ထို့နောက်ဒီဟိုတယ်အခန်းမှအမြန်ထွက်ကာ အိမ်သို့ပြန်ခဲ့လိုက်သည်။

𝕐𝕠𝕦'𝕣𝕖 𝕄𝕪 𝕊𝕌ℕ𝕊ℍ𝕀ℕ𝔼 (Ongoing)Donde viven las historias. Descúbrelo ahora