Jake's pov
Jakeတစ်ယောက် ဒီနေ့လည်း ပုံမှန်အတိုင်းပန်းချီဆွဲနေလိုက်တယ် ဒါပေမယ့် ထိုအချိန်မှာ ပွင့်လာတဲ့ တံခါး
Niki:Jake ကျွန်တော့်ကို ခင်ဗျားရဲ့ canvasအပို တစ်ခုလောက် ပေးပါ့လား
Jake:ယူသွား ဟိုမှာ
ဆိုပြီး canvasတွေရှိရာကို လက်ညှိုးထိုးပြလိုက်တယ်
Jakeတစ်ကယ်တော့ မပေးချင်ပါ သို့သော် ထိုကောင်လေးနဲ့ စကားကြောတွေရှည်မှာဆိုး၍သာ မြန်မြန်ထွက်သွားစေရန် လိုချင်တာအား ပေးလိုက်၏။
Niki:ဒါနဲ့ ဒီနေ့ ဘာမှတောင်သေချာမပြီးသေးဘူးဘဲ ပြီးတော့ ပန်းချီကားက အသက်မဲ့နေတယ်
Jake:ငါသိတယ်
Niki:သိရင်ပြီးရော ကျွန်တော့်ပန်းချီက ပိုလှနေမှ မနာလိုမဖြစ်နဲ့နော် jake
Jake:ငါက အဲ့လိုလူစားမဟုတ်ဘူး မင်း Canvas ရပြီမလား သွားတော့
Niki:သွားမှာပါ Williamစောင့်နေပြီNikiနဲ့ William နှစ်ယောက်စလုံးကို သူကြည့်မရပါ ထိုနှစ်ယောက်က သူနဲ့ အဖေတူအမေကွဲ ညီအစ်ကိုဖြစ်သော်လည်း သူ အတော်လေး သဘောမကျပါ
Nikiက ဂျစ်ကန်ကန်နဲ့အငယ်ဆုံးပီပီ အကုန်လုံးပေါ်ဆိုးသောကြောင့်ရော Queen Sanya ရဲ့သားဖြစ်သောကြောင့် သူမုန်း၏။
Williamကတော့ လိမ္မာရေးခြားရှိသော်လည်း လူတိုင်းနဲ့တည့်အောင်ပေါင်းပြီး သူသိသူတတ်လုပ်လေ့ရှိသည့်အပြင် သူ့အဖေဆီမှ အမြဲချီးကျူးခံရသောကြောင့် သူမုန်း၏။Jakeတစ်ယောက် ပုံဆွဲနေရင်းနဲ့ဘဲ ဒေါသထွက်လာတာကြောင့် ဆွဲလက်စ canvas တခုလုံးအား အနီရောင်ဆေးအပြည့်ထည့်ထားသော ဗူးထဲမှ ဆေးရည်များအား လောင်းလိုက်၏။
ပြီးတဲ့နောက် စိတ်ကြည်စေရန် ရည်ရွယ်ကာ ဝရန်တာကနေ တိမ်တွေအပြည့်နဲ့ ကောင်းကင်ကြီးအား တချက်ငေးမိ၏။
ထို့နောက် မျက်လုံးတချက်ကစားလိုက်တော့ သူမြင်လိုက်ရတာက အနီရောင်ခြုံထည်ကြီးအောက်က လှုပ်လှုပ်ရွရွဖြစ်နေတဲ့ ခေါင်းလေး(၃)လုံး
သူလည်း ထိုအရာလေးအား စိတ်ဝင်စားသွားကာ မှန်ဘီလူး ယူ၍ ကြည့်မိ၏။
ဘေးကနှစ်ယောက်ကတော့ ခြုံထည်၏အစကိုဆွဲကာ မျက်နှာအား အုပ်ထားသော်လည်း အလယ်က ကောင်လေးမှာတော့ ခြုံထည်က လွှမ်းခြုံပေးခြင်းမရှိ ထို့အပြင် သူမြင်လိုက်ရတာက နေဝင်ခါနီး ကောင်းကင်ရဲ့ ဆည်းဆာရောင်အလှနဲ့ ထင်ဟက်ကာ လှပစွာ ပေါ်ထွက်လာတဲ့ ထိုကောင်လေးရဲ့မျက်နှာ....................
ထိုကောင်လေးရဲ့မျက်လုံးလေးတွေက ပြုံးနေသည် ပြီးတော့ ထိုကောင်လေးရဲ့ နှုတ်ခမ်းပါးတစ်စုံသည်လည်း ပြုံးနေခဲ့သည် ပြီးတဲ့နောက် တစ်တွတ်တွတ်နဲ့လှုပ်ရှားလာပါသော ထိုနှုတ်ခမ်းပါးတစ်စုံ သည်လည်း ဆူဆူထော်ထော်လေးဖြစ်နေကာ ချစ်စရာလေးဖြစ်နေသည်။
Jake:ဘာလေးလဲကွာ စကားပြောတာပေါ့ အဲ့ဒါလေးက........ ချစ်ဖို့ကောင်းလိုက်တာ
Jakeပြောပြီးမှ သူ့ကိုယ်သူ သတိထားမိသည်။
Jake'smind:နေပါအုံး ငါက အဲ့ကောင်လေးကို ချစ်စရာကောင်းတယ်လို့ ပြောလိုက်တာလား ထူးဆန်းလိုက်တာ အေးလေ ပြောလည်းပြောချင်စရာလေးကိုး မင်းက
ဆိုပြီး သေချာကြည့်နေတုန်း Queen Sanyaကို မြင်လိုက်ရတာကြောင့် ဝရန်တာအား ချက်ချင်း ကျောပေးလိုက်၏။
Queen Sanyaတို့ ထွက်သွားလောက်ပြီ ထင်ရခါမှ ဝရန်တာဘက်ကို ပြန်ကြည့်တော့ နန်းတော်ထဲကို သေချာလှမ်းကြည့်နေတဲ့ ထိုကောင်လေးနဲ့ အကြည့်ချင်းဆုံမိသွား၏။
ကောင်လေးလည်း ကိုယ့်ကိုကြည့်မိပြီး အံ့ဩနေပုံပါဘဲ ပါးစပ်လေးက ဟလို့
သူလည်း ထိုကောင်လေးအား သေချာစွာပြန်ကြည့်နေတုန်း သူငယ်ချင်းတွေခေါ်တာကြောင့် အမြန်နောက်ကနေ ပြေးလိုက်သွားတဲ့ ကောင်လေး
Jakeလည်း ထိုကောင်လေးရဲ့ပုံရိပ်လေးတွေဟာ မျက်ဝန်းတွေထဲက ထုတ်မရဖြစ်နေတာနဲ့ Canvasတစ်ခုအားယူကာ သူ့အမြင်အာရုံထဲတွင် စွဲထင်နေသော ထိုကောင်လေးအား Canvasပေါ်တွင် နေရာယူစေ၏။