Jakeတယောက် ဒီနေ့ မနက်အစောကြီးတည်းက နိုးနေတာနဲ့ Benjaminအား အမြန်ခေါ်မိ၏။
Jake:Benjamin!
Benjamin:ဟုတ်ကဲ့ လာပါပြီ Prince Jake
Jake:လာ...သွားမယ်
Benjamin:ဗျာ.......ဘယ်ကိုလဲဟင်
Jake:Jayဆီလေ
Benjamin:ဟင် အခုမှ နေထွက်ခါစ ရှိသေးတာလေ
Jake:အေးလေ ဘာဖြစ်လို့လဲ
Benjamin:Jayနိုးအုံးမယ် မထင်ဘူးခင်ဗျ
Jake:ရတယ် ငါ စောင့်နိုင်တယ်Jayအိမ်သို့ရောက်သော်
Benjamin:ဖွားဖွားLilyရေ ဖွားဖွား
GrandmaLily:ဝင်ခဲ့လေကွယ် ရှိတယ်
Benjamin:ဖွားဖွား ကျွန်တော်လာတယ်
Grandma Lily:အော် Benလေးဘဲ
Jjayလေးဆီလာတာလား သားသူငယ်ချင်းက အိပ်တုန်းလေ
Jake:ကျွန်တော် သူ့အခန်းထဲကို သွားလို့ရမလား ခင်ဗျ
Grandma Lily:aww Jjayလေးရဲ့ သူငယ်ချင်းအသစ်လား
Jake:ဟုတ် Jakeပါခင်ဗျ
Grandma Lily:Aww Jakeဆိုတဲ့ ကလေးကိုး
Jjayလေးရဲ့ အခန်းက အပေါ်ထပ် ညာဘက်ဆုံးက အခန်းလေး တံခါးမှာ ဓားထွင်းရာလေးနဲ့ Jayလို့ ရေးထားတဲ့အခန်း သား
Jake:ဟုတ်ကဲ့ သွားလိုက်ပါအုံးမယ် ခင်ဗျ
Benjamin:ဖွားဖွား မနက်စာမစားရသေးဘူးမလား ကျွန်တော် ပြင်ပေးမယ်
Grandma Lily:ရပါတယ် ဖွားဖွား ဗိုက်မဆာသေးဘူး
Benjamin:သားကတော့ ဗိုက်ဆာနေပြီ ဖွားဖွားရဲ့
Grandma Lily:ဒါဆိုလည်း Benရဲ့ မနက်စာကို စားကြတာပေါ့Jakeလည်း Jayရဲ့အခန်းဆီကို သွားရင်း
တွေ့ရပါပြီ Jayရဲ့ အခန်းလေး ဓားထွင်းရာလေးတွေက Jayကိုယ်တိုင် ရေးထားတာဖြစ်မည်။
မညီမညာလေးနဲ့ ကြောင်လေးတကောင် လက်သည်းလေးတွေနဲ့ ချစ်ထားသလိုပင်။Jakeတယောက် Jayရဲ့ အခန်းထဲကို ဝင်လာတာနဲ့ နှာခေါင်းထဲကို တိုးဝေ့လို့ဝင်လာတဲ့ နှင်းဆီရနံ့လေး
Jayအိပ်တဲ့ ကုတင်ဘေးက စားပွဲခုံပုတိုလေးပေါ်တွင်ရှိသော ပန်းအိုးထဲမှ အနည်းငယ်နွမ်းနေသော နှင်းဆီဖြူလေး (၃)ပွင့်
Jayအိပ်နေသော ကုတင်အားအကြည့်ရောက်မိတော့ စောင်လေးအား လည်ပင်းနားထိရောက်အောင် ခြုံထားပေမယ့် အောက်က ခြေထောက်နှစ်ချောင်းကတော့ ဒူးအောက်ကစပြီး လစ်ဟာနေလေရဲ့
Jakeလည်း သူ့နောက်မှ ခုံပုလေးအားယူကာ ကုတင်နဲ့ မျက်နှာချင်းဆိုင်ကနေ ထိုင်ရင်း ကြည့်မိတော့ ဘေးတစောင်းလေးအိပ်နေတာကြောင့် အဖိခံထားရသော ပါးလေးမှာ တော်တော်လေး ပြည့်ဖောင်းနေကာ ချစ်စရာအတိ ပြီးတဲ့နောက် နှုတ်ခမ်းဖူးဖူးလေးတွေကလေ အနည်းငယ်စူနေ၏။ ပြီးတဲ့နောက် စူနေတဲ့နှုတ်ခမ်းလေးနဲ့မလိုက်ဖက်စွာ ပေါ်ထွက်လာသော မေးရိုးထင်းထင်း
Jakeတယောက် ထိုမေးရိုးထင်းထင်းအား ကြည့်နေရင်း ပြေလျော့လာသော စောင်နဲ့ အနည်းငယ်လှုပ်လာသော Jay
ပုခုံးအထိပေါ်နေတာကြောင့် မကြည့်မိစေရန် အကြည့်လွှဲဖို့ လုပ်ပေမယ့် မြင်လိုက်ရသော အသည်းပုံပုံစံမွေးရာပါအမှတ်လေးက Jakeအား အကြည့်မလွှဲစေရန်ပင် ညှို့နေသလို
Jakeလည်း ထိုအမှတ်လေးအား သေချာကြည့်နေရင်း ထိတွေ့ချင်လာတာကြောင့် သူ့လက်ညှိုးလေးနဲ့ ထိကြည့်မိတော့
သူ့လက်အား အကောင်ထင်၍ထင်ပါတယ် Jayက အကောင်မောင်းသလို မောင်း၏။
Jakeလည်း ပြုံးရုံတင်မဟုတ် အသံတိတ်ပါ ရီမိသွား၏။
မကြာပါဘူး အင်းအင်းအဲအဲ အသံလေးပြုကာ အငြောင်းဆန့်ရင်း နိုးလာပါသော Jay
Jay:အင်း.....
ဟုဆိုကာ အကြောဆန့်နေသော Jay
Jake:Morning Jay
Jay:ဟင်....Jake?
Jake:အင်း
Jay:ဘယ်ကဘယ်လို
Jake:Jayဆီ လာတာလေ
Jay:Aww ဆိုပြီး သက်ပြင်းချပြီးမှ ထအော်သော Jay
Jay:ဟိုဘက်လှည့်လေ Jake ကျွန်တော် ဘာအဝတ်အစားမှ မဝတ်ထားဘူး
Jake:အော် အဲ့ဒါကြောင့်လား ကိုယ်ဘာမှမကြည့်မိသေးပါဘူး
Jay:ဘာတွေပြောနေတာလဲ Jakeရဲ့
Jake:ဟုတ်တယ်လေ ကိုယ်မမြင်လိုက်......... အော် သိပြီ ကိုယ်အပြင်ကနေ စောင့်မယ်နော်
Jay:အင်း အောက်က.. အောက်ကစောင့်
Jake:ဟုတ်ပါပြီဗျာ