Johnny တယောက် အပင်ကြီးအောက်မှာ စာထိုင်လုပ်နေရင်း ခပ်လှမ်းလှမ်းကို တချက်ငေးကြည့်မိတော့ Prince Jakeတို့လာတာအား မြင်တွေ့ရသောအခါ ပြသာနာ တစ်ခုခုဖြစ်မှာ စိုးရိမ်စောနဲ့ Jayအိမ်သို့ အပြေးသွားကာ Jayအား အခြေအနေအလုံးစုံပြောပြမိ၏။
Jay:မရှိဘူးပြောလိုက် ငါက အိမ်နောက်ကို ခဏရှောင်နေလိုက်မယ်
Daniel:ဟုတ်ပြီ ဟုတ်ပြီ
Jayလည်း အိမ်နောက်ရောက်ပြီး သိပ်မကြာခင် ရောက်လာသောJakeတို့
Jake:Jay!
Nicholas:အော် Prince Jake....Jayကိုလာတွေ့တာလား
Daniel:မရှိဘူးတဲ့
(Nicholas လည်း ဘေးနားက Daniel ခြေထောက်အား တက်နင်းလိုက်၏။)
Daniel:အာ.....စကားမှားတာ တစ်ကယ်မရှိဘူး အကိုJayက
(မပြန်သေးဘဲ ရပ်ကြည့်နေသေးသော Jake)
Johnny:တစ်ကယ်ပါ Prince Jake အိမ်နောက်မှာလည်း မရှိဘူး
(Johnny ပြောစကားအားကြားပြီးသည်နှင့် တပြိုင်နက် အိမ်နောက်ဘက်ကို ပြေးဝင်သွားသော Jake)
Nicholas:မင်းတို့ကတော့ ငါနော်
(ဟု ဆိုကာ လက်သီးနဲ့ ရွယ်ရင်း အိမ်နောက်ဘက်ကို လိုက်သွားဖို့လုပ်နေသော Nicholas)
Benjamin:ဘယ်ကိုသွားမှာလဲ ဒီမှာဘဲနေစမ်းပါ Nichoရာ
Nicholas:ဒါပေမယ့်........... အေးပါကွာJakeကိုမြင်တာနဲ့ ရှောင်ပြေးဖို့ပြင်နေသော Jay
Jakeလည်း Jayရဲ့လက်ကောက်ဝတ်ကို ကိုင်ဆွဲကာ
Jake:Jay
Jay:Prince Jake ကျွန်တော့်လက်ကို လွှတ်ပါ
(ဟု ဆိုကာ အတင်းရုန်းနေသော Jay)
Jake:ကိုယ်ပြောတာကို ခဏလောက် နားထောင်ပေးပါ Jay
Jay:ကျွန်တော်က မြို့စားJohnရဲ့သား
Jake:ကိုယ် သိတယ်
Jay:ကျွန်တော့်အဖေက Queen Floriaကို လုပ်ကြံခဲ့တဲ့သူ
Jake:အင်းမ်း
Jay:ကျွန်တော့်ကြောင့် ကျွန်တော့်အဖေက အဲ့ဒါကို လုပ်ခဲ့တာ ကျွန်တော်သာ အဲ့ဒီအချိန်က နေမကောင်း မဖြစ်ခဲ့ရင်
Jake:အင်းမ်း ကိုယ်နားလည်တယ်
Jay:ကိုယ့်အမေကိုသေစေတဲ့လူသတ်သမားရဲ့ သွေးသားရှေ့မှာ အရူးတယောက်လို ပြောသအမျှခေါင်းငြိမ့်နေတာလား Jake
Jake:ဟုတ်တယ် မင်းဖြစ်နေလို့................. မင်းပြောတာမလို့ ကိုယ်အကုန်ယုံတယ် Jay
Jay:ခင်ဗျား ရူးသွားပြီ Jake
(Jay အော်မိသွား၏)
Jake:ဟုတ်တယ် အဲ့ဒီ ရူးသွပ်မှူ!..........အချစ်
Jay:ဘာအချစ်လဲ အဲ့ဒါ အချစ်မဟုတ်ဘူး
ကျွန်တော်တို့ ချစ်လို့မရဘူး
Jake:ကိုယ် မရပ်တန့်နိုင်ဘူး မင်းကို မတောင့်တဘဲ မင်းမရှိဘဲ
Jay:အဲ့အချစ်ဆိုတာကလေ
(Jayရဲ့စကားစများအား ရပ်တန့်လိုက်သော Jakeစကားလုံးများ)
Jake:အချစ် အဲ့ဒီအရာက ကိုယ့်ချစ်ရတဲ့လူရဲ့ အပြုံးကြောင့် ကိုယ့်စိတ်ကို အေးချမ်းစေတယ် သူ ဆိုတဲ့ ဖြစ်တည်မှုနဲ့တင် အနွေးဓာတ်ကို ပေးတယ် သူ့ကြောင့် အရာရာကို ရင်ဆိုင်နိုင်တယ် သူ့ကို ကာကွယ်ပေးချင်တယ် မြတ်နိုးတယ် တန်ဖိုးထားတယ်
Jay:လူ့အသိုင်းအဝိုင်းက ဖယ်ကြဥ်ကြလိမ့်မယ်
Jake:ကိုယ် ဂရုမစိုက်ဘူး
Jay:Jake ခင်ဗျား အရှက်ရလိမ့်မယ်
Jake:ကိုယ် ဂရုမစိုက်ဘူး
Jay:ကျွန်တော်တို့ အခက်အခဲတွေ အများကြီး ရင်ဆိုင်ရလိမ့်မယ် အဲ့အချိန်မှာ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် ဆုပ်ကိုင်ထားတဲ့ လက်တစုံ ပြေလျော့သွားနိုင်တယ်
Jake:ကိုယ်တို့ တစ်ယောက်အတွက် တစ်ယောက် ရင်ဆိုင်ကြမယ်
Jay:ဟုတ်ပြီ
(ဟု ဆိုကာ မျက်ရည်များအား ခပ်ကြမ်းကြမ်းသုတ်ရင်း)
Jay:Jake ...ကျွန်တော့်ရဲ့နောက်ဆုံးထွက်သက်အထိ ကျွန်တော့်ကို ချစ်ပေးနိုင်မလား
Jake:ဟင့်အင်..............အဲ့ထက်တောင် ပိုချစ်ပေးနိုင်တယ် လူသေဆုံးရင်တောင် ကိုယ်မင်းအပေါ်မှာထားတဲ့ အချစ်တွေ မသေဆုံးစေရဘူး ကိုယ် ကတိ.................................................
(Jakeရဲ့စကားလုံးတွေဟာ Jayရဲ့ နှုတ်ခမ်းပါးတစ်စုံ ကြောင့် ရပ်တန်ခဲ့ရတယ်။)
(မျက်ရည်တွေဟာ ဘယ့်သူ့ဆီက ကျဆင်းလာမှန်းမသိပေမယ့် ထိုမျက်ရည်တွေဟာအရင်လောက် မပူတော့ကာ ခပ်နွေးနွေးလေး ဖြစ်နေ၏။)