1

191 15 0
                                    

ချိုမြိန်သောအိမ်ကလေး

အခန်း (၁)

ဒီညမှာ သူ တစ်ယောက်ယောက်ကို ထိုးနှက်နေတဲ့ အိပ်မက်တစ်ခု မက်ခဲ့တယ်။

သူက သူ့ရဲ့ချစ်သူကို အကျႌကော်လံကနေ ဆွဲကိုင်လိုက်ပြီး တစ်ဖက်လူရဲ့ မျက်နှာကို ရက်ရက်စက်စက် ထိုးနေခဲ့မိတယ်တဲ့။ အဲ့ဒီအချိန်မှာ သူ့ရဲ့ကိုယ်ပွားတစ်ခုကတော့ ဘေးနားမှာ ရပ်နေပြီး သူ့ကို ရပ်တန့်ပေးဖို့ တောင်းဆိုနေခဲ့တယ်။ ဘာလို့ သူ့ရဲ့ကိုယ်ပိုင်လက်တွေနဲ့ သူချစ်တဲ့သူကို နာကျင်အောင် လုပ်နေခဲ့ရတာလဲ?

သူ့ခေါင်းထဲက တည်ငြိမ်နေတဲ့ မီးခိုရောင်တိမ်တိုက်တွေကလည်း ရုတ်တရက်ကြီး မုန်တိုင်းတစ်ခုလို စတင်ဝေ့ဝဲလာခဲ့တယ်။ နောက်ပြီး အဲ့ဒီလေပြင်းတွေက သူ့ကို ဝေးနိုင်သမျှနေရာအထိ အဝေးဆုံး ရောက်အောင် တွန်းပို့ပစ်မယ်ဆိုပြီး ခြိမ်းခြောက်လာခဲ့သတဲ့။

တစ်ယောက်ယောက်.. တစ်ယောက်ယောက် ငါ့ကို ကူတားပေးကြပါဦး!

၎င်းအဆုံးသတ်သည်ကား သူနိုးထတိုင်း ကြုံနေရသည့် အဆုံးသတ်တစ်ခု။ အိပ်မက် ဖြစ်နေခဲ့၍ တော်သေးသည်ဟု သူစိတ်သက်သာရာရမိ၏။ သို့သော် သူသည် လဲလျောင်းရာမှ မထသေးဘဲ အမှောင်ဖုံးနေသော အခန်းလေးထဲတွင် သူ၏လက်နှစ်ဖက်စလုံးအား အတန်ကြာသည်အထိ ကြောင်ကြည့်နေခဲ့မိသည်။ ၎င်းက အိပ်မက်တစ်ခုသာ ဖြစ်သည့်တိုင် သူ၏လက်များမှာ တစ်စုံတစ်ယောက်ကို အမှန်တကယ် ထိုးနှက်ခဲ့သည့်အတိုင်း တုန်ရီကာ သွေးပူနေဆဲ။ မည်သို့ပင်ဆိုစေကာမူ ၎င်းက အိပ်မက်တစ်ခုမျှသာ ဖြစ်ပေသည်။ ၎င်းက အတိတ်တွင်သာ ကျန်ခဲ့ရပြီ။ ထို့အပြင် သူသည်လည်း ဘယ်သောအခါမျှ ထိုကဲ့သို့ ထပ်၍ လုပ်တော့မည်မဟုတ်ချေ။

ခါဆဲ ဟီရိုအာကီသည် ခပ်ဖွဖွ အသက်ရှုသွင်းလိုက်၍ ကောင်းကင်ကြီးထံသို့ မော့ကြည့်လိုက်မိ၏။ ဤနှစ် ဇွန်နှောင်းပိုင်း၏ ကောင်းကင်ပြာကြီးက တက်ကြွစွာဖြင့် ကြည်လင်နေပုံမှာ မိုးရာသီအတွက် အားပေးနေသည့်နှယ်။ အလုပ်ရှာမည့် လူများအနေဖြင့် ဤကဲ့သို့ သာယာလှသော နေ့မျိုးတွင် စိတ်ဓာတ်ကျရန်မှာ လွန်စွာမှ စောလွန်းနေပါသေးသည် မဟုတ်ပါလား။

You've reached the end of published parts.

⏰ Last updated: Oct 02 ⏰

Add this story to your Library to get notified about new parts!

House of Sweets ~un petit nid~Where stories live. Discover now