하나

1.4K 100 12
                                    

မျက်ဝန်းပြာတွေ ပိုင်ဆိုင်ထားသည့် ယောင်္ကျားတစ်ယောက်
________________________________________
"I'm so glad I found you,I'm not gonna lose you~"

လမ်းမထက်တွင် ခပ်ဖြေးဖြေးမှန်မှန်ပြေးနေသည့် ကားနှင့်အတူ မျက်နှာပေါ်သို့ ထိခတိလာသော လေအေးများအားခံယူရင်း ဂယူဘင်းက သီချင်းစာသားတစ်ချို့ကို တစ်ကိုယ်တည်းကြားယုံမျှ ခပ်တိုးတိုးညည်းမိသည်။

"Whatever it takes I'll here stay with you.."

တံတောင်ဆစ်တစ်ဖက်အား ကားပြတင်းတံခါးပေါ်တွင်တင်ထားကာနှုတ်ခမ်းနားသို့ လက်ချောင်းများအား ကပ်ထားပြီး စတီယာတိုင်ပေါ်ရှိ လက်ချောင်းသွယ်တွေဟာလည်း သံစဉ်တွေအား စီးချက်လိုက်နေသကဲ့သို့ လှုပ်ရှားလျက်။

"Take you to the good times
See you through the bad times~"

ခပ်တိုးတိုးလေးပင် နားစည်ကို ပြန်ရိုက်ခတ်လာသော သူ​၏အသံအား ကျေနပ်သယောင် ဂယူဘင်းကပြုံးလိုက်မိသည်။သီချင်းတွေကို သဘောကျတတ်တာကြောင့် သီချင်းတွေတော်တော်များများအား နားထောင်သလို ဘယ်လိုသီချင်းမျိုးရယ်လို့ရွေးခြင်း မရှိပါဘဲ အကုန်လုံးအား နားထောင်ဖြစ်ပေမယ့် မသိလိုက်ခင်မှာပဲ 80'sကျော်လောက်မှာ ခေတ်စားခဲ့သည့် Starship​၏ Nothing's gonna stop.us nowကတော့ ပါးစပ်ထဲတွင် စွဲနေမိသည့် သီချင်းတစ်ပုဒ်ပင်။

ထွေထွေထူးထူးရယ်လို့မဟုတ်ပါဘဲ ဒီအတိုင်း အိမ်ပြန်ချိန်တွေဆိုရင် ခပ်တိုးတိုးညည်းလေ့ရှိသည့် ထိုစာသားတွေဟာ သူ​၏ ဘဝနှင့်ကိုက်ညီမှုလည်းရှိမနေသလို "we can built this dream together "ဆိုသော သူအကြိုက်ဆုံး lyricလိုမျိူး အတူတည်ဆောက်ဖို့ အိပ်မက်လည်းမရှိသလို "We'll still have each other "လို့ပြောရန်အတွက်လည်း ဘေးနားတွင်လည်း romantic ဆန်ဆန် ချစ်သူမျိုးလဲရှိမနေခဲ့ပါဘူး။

ငယ်ငယ်တည်းက သတ်မှတ်ထားသည့်လမ်းကြောင်းအတိုင်း ကြီးပျင်းလာသူပီပီ အလုပ်ကလွဲရင် ခေါင်းထဲမရှိတတ်သည့် ကင်မ်ဂယူဘင်း​၏ ဘဝက အထီးကျန်ဆန်ကာ ပျင်းရိစရာဟု သမုတ်ကြပေမယ့် ထင်သလောက်တော့ဆိုးမနေခဲ့ပါဘူး။

နားရက်ကရှားပေမယ့် တစ်ခါတစ်လေ ကိုယ်ဟာကိုယ်အနားပေးဖြစ်တဲ့အခါမျိုးမှာ အိမ်ထဲအောင်းပြီး သီချင်းတွေအကျယ်ကြီးဖွင့်နားထောင်တာမျိုး အွန်းပါပါးနဲ့ဆော့တာမျိုး ပန်းခြံထဲလမ်းလျှောက်တာမျိုး သူငယ်ချင်းဟူ၍လည်း ဟုတ်တိပတ်တိမရှိသူဖြစ်တာကြောင့် အပြင်လည်တာထက် တစ်ယောက်တည်း အေးအေးဆေးဆေးလေး တစ်နေရာမှာထိုင်ကာ သီချင်းနားထောင်တာမျိုးကမှသာလျှင် သူ​၏ အကြိုက်ဆုံး ဝါသနာပင်ဖြစ်သည်။

𝙴𝚞𝚙𝚑𝚘𝚗𝚒𝚘𝚞𝚜 𝚏𝚛𝚘𝚖 𝚝𝚑𝚎 𝙱𝚕𝚞𝚎 𝙾𝚌𝚎𝚊𝚗Where stories live. Discover now