524 74 10
                                    

ရေခဲချပ်တွေထဲကနေ တိုးထွက်လာတဲ့ ရှတတအေးမြမှုလေး။
________________________________________
အတော်ကြာထိုင်နေမိသည့် စကားဝိုင်းမှာ ဂယူဘင်းက တိတ်ဆိတ်စွရပင် နားထောင်သူတစ်ဦးသာဖြစ်ခဲ့သည်။စကားတွေအား ဆက်စပ်ကြည့်မည်ဆိုလျှင် အဲ့ဒီ့မျက်ဝန်းပြာတွေ​၏ပိုင်ရှင်ဟာ ရှန်သခင်လေးဟု ဆိုမည်။

ရှန်အိမ်တော်ဆိုသည်မှာ စီးပွားရေးလောကထဲတွင် ဘာ်လောက်တောင် နာမည်ကြီးလိုက်သလဲ။ကမ္ဘာအနှံ့တွင် ခရီးသွားလုပ်ငန်းနှင့်အတူ ရှန်လုပ်ငန်းစု​၏ အောက်တွင် ဟိုတယ်လုပ်ငန်းပေါင်းများစွာကလည်း ရှိနေသေးသည်။

ထို့အပြင် ရှန်အိမ်တော်​၏ တစ်ဦးတည်းသော သခင်လေးဟာလည်း အမျိုးမျိုးသောနာမည်များဖြင့် ပေါ်ပြူလာဖြစ်တာတော့ သူကြားဖူးနားဝရှိပေမည့် တစ်ခါမှမမြင်ဖူးသည့်အတွက် ရှန်သခင်လေးဆိုသူအား ယခုမှပင် သေချာသိခြင်းဖြစ်သည်။

"သားအငယ်ဆုံးက တအား အေးတာပဲနော်"

"သူ့ကိုတော့ ပြောမနေပါနဲ့ အေးတာများ စကားတစ်ခါပြောဖို့ကို အနိုင်နိုင်ရယ်"

သူ့အားကြည့်ကာဆိုလာသည့် ရှန်သခင်မလို့ခေါ်ရမလား ထိုအမျိုးသမီး​၏ စကားကြောင့် ဂယူဘင်းက နေရခက်ဟန်ပေါ်သည့် အပြုံးတစ်ခုအား ပြုလုပ်လိုက်မိသည်။

"ဟယ်ရင်းက တကယ်ကို သားလိမ္မာလေးတွေ ရထားတာပဲ။အိမ်ကသားနဲ့များ ကွာပါ့"

အိုမားနှင့် ငယ်သူငယ်ချင်းဟု ဆိုသည့် ထိုအမျိုးသမီးနှင့် အိုမားကြားက စကားတွေဟာ ပေါ့ပါးလွန်းကာ ဟန်ဆောင်မှုတွေမရှိတာ သိသာလွန်းလှသည်။

"ဒီအတိုင်း လက်ထပ်ပွဲကို မလုပ်တော့ရင်ကောင်းမလား? ဂယူဘင်းနီးကို နှမြောလို့လေ"

"ရှင်းရိကတော့ကွာ"

ရယ်ပွဲကျသွားသည့် ထိုအမျိုးသမီးနှစ်ယောက်​၏ ရယ်သံကြားတွင် ဂယူဘင်းရဲ့ အံ့ဩသွားသည့် အာမေဍိတ်အသံဟာ တိုးမပေါက်ခဲ့ပါဘူး။

"ဗျ!"

လက်ထပ်ပွဲ? လက်ထပ်ပွဲဆိုတော့ သူနဲ့အိမ်ထောင်ချပေးဖို့စီစဉ်ထားတာ အဲ့ဒီ့ရှန်သခင်လေးဆိုသူလား?စနောက်ကာ ရယ်မောနေကြသည့် စကားဝိုင်းထက် သူ​၏ ခေါင်းထဲတွင် ရှုပ်ထွေးသွားရသည်။

𝙴𝚞𝚙𝚑𝚘𝚗𝚒𝚘𝚞𝚜 𝚏𝚛𝚘𝚖 𝚝𝚑𝚎 𝙱𝚕𝚞𝚎 𝙾𝚌𝚎𝚊𝚗Where stories live. Discover now