다섯

371 56 7
                                    

အဲ့ဒီ့အမျိုးသားရဲ့ တိမ်ငွေ့တွေလို ဆံနွယ်ဖြူတွေဟာ သူ့နှလုံးသားကို ဖြည်းဖြည်းချင်း ရစ်တွယ်လာခဲ့တာမျိုး။
________________________________________
"တူး ဇီးရိုး အိတ်ထ် တူး ဇီးရိုး အိတ်!"

ဂယူဘင်းက ဆေးရုံကောင်တာမှပြောလိုက်သော နံပါတ်အား အဆက်မပြတ်ရွတ်ရင်း မျက်လုံးတွေကို အခန်းအပေါက်၌ချိတ်ထားသော ကဒ်နံပါတ်တွေကို တစ်ခုပြီးတစ်ခုဖတ်ကာ တစ်ဆက်တည်းမှာပဲ ခြေထောက်တွေကို ခပ်သွက်သွက်ရွေ့လျားရန်အတွက် အလုပ်ပေးထားသည်။

"တူး ဇီးရိုး ဒီမှာပဲ အိတ်ထ်"

ရှာနေသော အခန်းအား ရောက်သာ့်အချိန်မှာ ဂယူဘင်းက အတော်လေး မောနေပြီဖြစ်​၏။အထပ်အတော်ကို ပတ်ပြေးလာတာဖြစ်ပြီး အတော်လေးကျယ်သောကြောင့် ရှာရခက်တာရော အလျင်တစော ပြေးလာတာရောပါ ပေါင်းလိုက်သည့်အခါ နားထင်နားတွင် ချွေးတွေ စီးကျကာ ရင်ဘတ်တွေကပါ နိမ့်ချည်မြင့်ချည်နှင့် အသက်ရှူသံပြင်းပြင်းတွေကပါ ထွက်ပေါ်လာသည်။

အခန်းတံခါးအား ခပ်သာသာခေါက်လိုက်ပြီးနောက် သတိထား၍ ဖြည်းဖြည်းသာသာ ဖွင့်လိုက်သည့် ဂယူဘင်းက အတော်လေးဂရုတစိုက်ရှိလှသည်။ဆွဲတံခါးဖြစ်တာကြောင့် အသံထွက်သွားခဲ့လို့ လူနာအနှောက်အယှက်ဖြစ်သွားလျှင် ဘယ်သူ့အတွက်မှ မကောင်းပေ။

"အားရီ"

"သား ဂယူဘင်းနီး"

ဂယူဘင်းက တံခါးအား အသာဖွင့်လိုက်ပြီးနောက်မှာ ပထမဆုံး လုပ်မိတာက ထိုသူအား လိုက်ရှာခြင်းပင်။အားရီအား နှုတ်ဆက်ရင်း ကုတင်ပေါ်တွင် အိပ်ပျော်နေသည်သူအား တွေ့လိုက်မှ စိတ်သက်သာရာရသွားကာ သက်ပြင်းသဲ့သဲ့ချလိုက်မိသည်။

ဂယူဘင်းက လူနာကုတင်ဘေးရှိ ဆိုဖာပေါ်တွင်ထိုင်နေသော ရှန်ရှင်းရိကို နှုတ်ဆက်စကားဆိုပေမယ့် ဝင်လာတည်းက အကြည့်တွေကတော့ လူနာကုတင်ပေါ် လှဲလျောင်းနေသည့်သူထံမှ တစ်စက်မှ မခွာပေ။

"ဟုတ် အခုနကမှ အိုမားဆီက ဖုန်းရလို့ရယ်"

"ဟော ပြေးလာတာလား တစ်ကိုယ်လုံးလဲ ချွေးတွေနဲ့ ကြည့်ပါဦး"

𝙴𝚞𝚙𝚑𝚘𝚗𝚒𝚘𝚞𝚜 𝚏𝚛𝚘𝚖 𝚝𝚑𝚎 𝙱𝚕𝚞𝚎 𝙾𝚌𝚎𝚊𝚗Where stories live. Discover now