ပင်လယ်ပြာရောင် မျက်ဝန်းပိုင်ရှင်ဟာ သူ့အတွက် ထူးဆန်းမှုလေးတစ်ခု ဖြစ်လာခဲ့သည်။
_______________________________________
အချိန်တွေက လျင်လျင်မြန်မြန်ပဲ ကုန်သွားခဲ့သလို အဲ့နေ့က အဖြစ်အပျက်ကလည်း ဂယူဘင်းအတွက် ဒီအတိုင်း လမ်းမှားသွားသည့် ခဏတာ တွေ့ဆုံမှုတစ်ခုအဖြစ်သတ်မှတ်ခဲ့သည်။မျက်ဝန်းပြာတွေကို မေ့မရပေမယ့် အဲ့တာက ဘာအရေးလဲ။လှပတဲ့အရာတစ်ခုအား ဒီအတိုင်း သဘောကျမိသွားရုံဖြစ်သလို သူ့အတွက် အထူးတလည် အရေးကြီးနေတာမျိုးမဟုတ်ခဲ့ပေ။
ပုံမှန်အတိုင်းလည်ပတ်နေသည့် ဂယူဘင်းရဲ့နေ့ရက်တွေဟာ ထူးခြားမှုမရှိပါပဲ ကုန်ဆုံးလျက်ရှိခဲ့သည်။ဒီနေ့ကတော့ ရှားရှားပါးပါး အလုပ်နားရက်ဖြစ်တာမလို့ ဂယူဘင်းက ခန္ဓာကိုယ်အား တစ်နေကုန် အပြည့်အဝအနားပေးရန်အတွက် မနက်ပိုင်းတွင် ဟန်မြစ်ဘက်သို့ လမ်းလျှောက်ဖို့အတွက် အွန်းပါပါးနှင့်အတူ ထွက်လာခဲ့သည်။
တအားကြီးမဝေးလှသည့်အတွက် လမ်းလျှောက်ရင်း လေညှင်းခံရင်း စိတ်တွေလန်းဆန်းသွားတာတော့အမှန်ပင်။ပရောဂျက်တစ်ခုအတွက် ဆယ်ရက်လောက်မနားမနေ ကြိုးစားပြီးနောက်မှာ ရလဒ်ကအတော်လေးကိုအဆင်ပြေခဲ့တာကလည်း စိတ်ကြည်စေသည့် အကြောင်းပြချက်တစ်ခုဖြစ်မည်။
အရှေ့မှ သူ့ပင်လှည့်မကြည့်ပါဘဲ လမ်းလျှောက်ရသည်အား ပျော်နေသည့် အွန်းပါပါးကြောင့် ဂယူဘင်းက ပြုံးလိုက်မိသည်။မြစ်ကမ်းဘေးလမ်းမလျှောက်ရတာ ကြာပြီဖြစ်လို့ အတော်ပျော်နေဟန်ပင်။
"တွီ!"
ဘောင်းဘီအိတ်ကပ်ထဲမှ တုန်ခါမှုကြောင့် ဂယူဘင်းက ခြေလှမ်းတွေအားရပ်လိုက်ပြီး ဖုန်းကိုထုတ်လိုက်ကာ screenပေါ်တွင်မြင်လိုက်ရပါသည့် နာမည်က သက်ပြင်းလေတစ်ချို့မှုတ်ထုတ်လိုက်မိသည်။
ဒီသက်ပြင်းက စိတ်ရှုပ်တာမျိုး သဘောမကျတာမျိုးကြောင့် ဖြစ်ပေါ်လာသည်ထက် ဒီအတိုင်း သူ၏ အချိန်တွေဟာ သေချာပေါက် တစ်ခုခုကြောင့် စိတ်လေးစရာတွေဖြစ်လာဦးမည်မှာ တပ်အပ်သိနေတာကြောင့်ဖြစ်သည်။
"ဟယ်လို အိုမား"
"...."
"အင်း နားရက်"
YOU ARE READING
𝙴𝚞𝚙𝚑𝚘𝚗𝚒𝚘𝚞𝚜 𝚏𝚛𝚘𝚖 𝚝𝚑𝚎 𝙱𝚕𝚞𝚎 𝙾𝚌𝚎𝚊𝚗
Fanfictionတိမ်ငွေ့လွှာတွေလို ရစ်နွယ်နေသော ဆံနွယ်တွေပိုင်ဆိုင်တဲ့ အဲ့ဒီ့ယောင်္ကျား။ ပင်လယ်ရေတွေလို ပြာလဲ့နေသည့်အရည်လဲ့လဲ့တွေဝန်းရံထားသော မျက်ဝန်းပြာတွေ၏ ပိုင်ရှင်ဖြစ်တဲ့ အဲ့ဒီ့အမျိုးသား။ နစ်မွန်းချင်လောက်အောင်ဆွဲဆောင်မှုတွေနဲ့ ပင်လယ်ပြာ။ မောင့်ပင်လယ်ပြာ။ Gyuk...