아홉

305 48 6
                                    

ဒီအတိုင်းလေးကို အကြည့်မလွှဲနိုင်ဖြစ်လာတဲ့အခါ ထိုအရာကို တိတ်တဆိတ်ငေးခြင်းဟုအဓိပ္ပာယ်ဖွင့်မည်။
______________________________________
ဆိုးလ်မြို့​၏မိန်းလမ်းမကြီးပေါ်တွင် အနက်ရောင် Lamborghini တစ်စီးသည် အတော်အသင့်အရှိန်ဖြင့် ပြေးနှင်လျက်ရှိသည်။ညဘက် ဆယ့်နှစ်နာရီနီးပါးရှိပြီမို့ ကားတွေရှင်းနေတာကြောင့်  သွားရလာရအဆင်ပြေတဲ့အချိန်တစ်ခုဖြစ်သည်။

ဒီလိုအချိန်က Night outထွက်တဲ့ လူငယ်တွေပေါကြပေမယ့် များသောအားဖြင့် ကားလမ်းပေါ်မှာထက် တစ်နေရာရာမှာအချိန်ဖြုန်းကြာသည်မို့ ကားလမ်းကတော့ ထင်ထားသည်ထက်ကို ပို၍ရှင်းနေသည်။

စတီယာတိုင်ပေါ်က လက်တွေကို စီးချက်တကျ လှုပ်ရင်း Bluetooth နဲ့ချိတ်ကာဖွင့်ထားတဲ့ သီလျင်းတစ်ပုဒ်အား ခပ်တိုးတိုး လိုက်ညည်းနေသည့် ရှန်သခင်လေးက တစ်ချက်တစ်ချက် ဘေးဘက်ရှိသူထံသို့ အကြည့်များရောက်သွားလေ့ရှိသည်။

အတော်အသင့်အကြာမှ ရှန်ချွမ်းရွေ့က ဦးတည်ထားသည့်နေရာသို့ ရောက်လာတာကြောင့် လက်တစ်ဖက်တည်းနဲ့ စတီယာတိုင်ကို ကျွမ်းကျင်စွာ လှည့်လိုက်ကာ ကားရပ်ရန်နေရာယူလိုက်သည်။

"ရောက်နေကြတာကြာပြီလား"

"ခုနကမှ"

ချွမ်းရွေ့က ကားကို 43ဆိုတဲ့ ဂဏန်းအား အလှဖော်ထားတဲ့ ဆိုင်းဘုတ်ရှေ့တွင်ရပ်လိုက်ပြီး ကားပေါ်ကဆင်းကာ Audi RS3 နက်ပြာရောင်ကို မှီရပ်ကာ ဆေးလိပ်သောက်နေသော ပတ်ခ်ဂွန်းနုအား စကားစသည်။

အနက်ရောင် ရှပ်ပေါ်တွင် အစိမ်းပုတ်ရောင်ဂျင်းကုတ်ကိုထပ်ဝတ်ထားသော ပတ်ခ်ဂွန်းနု​က တောင့်တောင့်တင်းတင်းရှိလှတဲ့ ရင်ခွင်ကျယ်ကြီးထဲ ပစ်ဝင်ချင်တဲ့ အမျိုးသမီးတွေရော အမျိုးသားတွေပါ ပုံအောနေလောက်သည့် ပုံစံမျိုးဖြစ်သည်။

တစ်လမ်းလုံးတိတ်ဆိတ်ကာ လိုက်လာသည့် ဂယူဘင်းက အခုခါမှာလည်း အောက်သို့မဆင်းပါဘဲ ကားပေါ်ကနေ၍ ရှန်ချွမ်းရွေ့နှင့် စကားပြောနေသူနှစ်ယောက်အား လှမ်းကြည့်သည်။

ကားရှေ့ဖုံးပေါ်တွင် သူ့အိမ်သူယာလိုမျိုးထိုင်နေသူက ချွမ်းရွေ့ကိုတွေ့တော့ ပါးချိုင့်ခွက်ကြီးတွေပေါ်အောင် ပြုံးကာစကားလှမ်းပြောတဲ့အခါ ဂယူဘင်းက တစ်ချက်ငေးမိသွားသည်။ခရမ်းရောင် ဆွယ်တာအပါးနှင့်ဂျင်းပန်ကိုသာ ရိုးရိုးလေးတွဲဝတ်ထားတာတောင်မှ ထိုသူက ပျိုမဒီတွေအပြင် အမျိုးသားတွေကပါ ပစ်ကြွေချင်စရာကောင်းလောက်အောင်အထိ စွဲဆောင်မှုရှိလွန်းလှသည်။

𝙴𝚞𝚙𝚑𝚘𝚗𝚒𝚘𝚞𝚜 𝚏𝚛𝚘𝚖 𝚝𝚑𝚎 𝙱𝚕𝚞𝚎 𝙾𝚌𝚎𝚊𝚗Where stories live. Discover now