အခန်း ၇။ သန်းကြွယ်သူဌေးကြီး

157 21 0
                                    

အခန်း ၇။ သန်းကြွယ်သူဌေးကြီး

“ မင်္ဂလာပါ သခင်ကြီးယွီ။ ”

ထိုလူ၏နာမည်မှာ ယွီကျန့်မင်ဖြစ်သည်ကို လီယင်မှတ်မိနေသောကြောင့် မြင်လိုက်သည်နှင့် မတ်တပ်ထရပ်ကာ ဦးအောင်နှုတ်ဆက်လိုက်သည်။ သူရောင်းမည့် ရှေးဟောင်းပစ္စည်းများ၏ တန်ဖိုးသည် ၎င်းအပေါ် မူတည်နေသည် မဟုတ်ပါလား။

ယွီကျန့်မင်က ယဉ်ကျေးစွာပြုံးလိုက်ပြီး လီယင်နှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။ ထို့နောက် လီယင်၏ မျက်နှာချင်းဆိုင်တွင် ထိုင်ပြီး မေးလိုက်သည်။

“ မောင်ရင့်ရဲ့ ရှေးဟောင်းပစ္စည်းတွေက ကျန်းကွမ်ခေတ်က ဖြစ်တယ်ဆိုတာကို ရှောင်ကျောက်ပြောလို့ ကျုပ်သိပြီးပါပြီ။ အဲ့ဒါတွေအကုန်လုံး မောင်ရင်စုဆောင်းထားတာတွေလား။ ”

ရှောင်ကျောက်ဆိုသည်မှာ ခုနက ဧည့်ကြိုအမျိုးသမီးငယ် ဖြစ်သည်။ မည်သည့်ခေတ်ကပစ္စည်းဖြစ်သည်ဆိုတာကို သူမနှင့် စကားပြောဖြစ်တုန်းကတည်းက ထည့်ပြောလိုက်ခြင်းကြောင့် ယွီကျန့်မင်ဆီ ဤသတင်းရောက်ပြီးခြင်း ဖြစ်မည်။

“ ကျွန်တော့်ရဲ့ အဘိုးက ထန်မင်းဆက်ခေတ်က ရှေးဟောင်းပစ္စည်းတွေကို စုဆောင်းရတာ အလွန်ဝါသနာထုံခဲ့ပါတယ်။ အဘိုးကွယ်လွန်ပြီးနောက်မှာတော့ ဒီပစ္စည်းတွေကို လိုအပ်လာရင် ရောင်းချဖို့ ကျွန်တော့်ကို မှာကြားခဲ့ပြီးသားပါ။ အခုလာရတဲ့ကိစ္စကလည်း ငွေကြေးအဆင်မပြေလို့ပေါ့ဗျာ။ ”

ရှေးဟောင်းပစ္စည်းများကို ရောင်းချတဲ့သူအများစုရဲ့ အဓိကအကြောင်းပြချက်ကလည်း “ ငွေကြေးအဆင်မပြေမှု ” ဟူသည့်အကြောင်းက များသည်မို့ အများနည်းတူ ဤအချက်နှင့် အကြောင်းပြလိုက်ခြင်းဟာလည်း အကျိုးအကြောင့်သင့်သည်ဟု လီယင် ယူဆထားသည်။

လီယင်၏စကားအဆုံးတွင် ယွီကျန့်မင်သည် ခေါင်းတညိတ်ညိတ်လုပ်လျက် စားပွဲပေါ်တွင်တင်ထားသော ပစ္စည်းသုံးခုအနက်မှ အစိမ်းရောင်ကြွေပန်းအိုးကို အရင်ကောက်ကိုင်ယူကြည့်လိုက်သည်။

ရှေးဟောင်းပစ္စည်းတစ်ခုကို တန်ဖိုးဖြတ်သည့်အခါ နည်းလမ်းလေးနည်းဖြင့်ကြည့်ကာ အကဲဖြတ်ကြသည်။ ပထမတစ်နည်းမှာ ၎င်း၏ နောက်ခံသမိုင်းကြောင်းကိုကြည့်ခြင်း၊ ဒုတိယတစ်နည်းမှာ ပစ္စည်း၏ အရည်အသွေးမြင့်မားမှုကိုကြည့်ခြင်း စသည့်အချက်တို့ကို တစ်ချက်ချင်းတသီးတခြားစီကြည့်၍ တန်ဖိုးဖြတ်ကြလေ့ရှိပေသည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်(လီယင်) Where stories live. Discover now