အခန်း၁၅။ ဧကရာဇ်လီရှစ်မင်
လုပါးယန်သည်ကား ညစ်ကျယ်ကျယ်ပြုံးလျက် ပြောလိုက်သည်။
“ အရှင့်သားက ကျွန်တော်မျိုးအကြောင်းကို အင်မတန်မှ ကောင်းကောင်းသိလှပါတယ်။ မှန်ပါတယ် အရှင့်သား။ အရှင့်သား ထွက်သွားပြီး မကြာမီမှာပဲ ချမ်အန်းပြည်မှာ လီချွန်းယွမ်လို့ ခေါ်တဲ့ ဆောင်ကြာမြိုင်တစ်ခု ဖွင့်လိုက်ပါတယ်။ အဲ့ဒီ့က မိန်းကလေးများဟာ ရေနတ်သမီးလေးများလို အင်မတန် စိတ်ကိုကြည်အေးစေပြီး လှပကြပါတယ်။ အဲ့မိန်းကလေးတွေထဲမှာ မျိုးရိုးမြင့်ထဲကလာတဲ့ လောရှောင်ရီလို့ခေါ်တဲ့ မိန်းကလေးတစ်ဦးတောင် ရှိပါသေးတယ်။ သူမက ကျန်တဲ့သူတွေ အားလုံးထက်တောင် လှပပါသေးတယ်။ ”
လျှာဖြင့် တံတွေးများကိုသပ်ပြီး လုပါးယန်က ဆက်ပြောသည်။
“ အရှင့်သားရဲ့ ညီတော်လေးက အင်မတန်ကို ကံကောင်းပြီး အဲဒီ့မိန်းကလေးကို တစ်ခါတွေ့ခွင့်ရလိုက်ပါတယ်။ အဲ့ကတည်းကစပြီး ကျွန်တော်မျိုးဟာ စားလည်း ဒီစိတ်၊ သွားလည်း ဒီစိတ်ဖြစ်နေခဲ့ရတာပါ။ သို့ပေမယ့် အဲ့ဒီမိန်းကလေးဟာ ငွေကြေးတွေ ချမ်းသာမှုတွေကို ပဓာနမထားပဲ သူမတွေ့ချင်တဲ့ ဖောက်သည်ကိုသာ ရွေးချယ်တွေ့လေ့ရှိပါတယ်။ ဒါကြောင့်မို့ ကျွန်တော်မျိုးဟာ တွေ့ဆုံခွင့် အကြိမ်ကြိမ်ငြင်းပယ်ခံခဲ့ရပါတယ်။ အရှင့်သား၊ ညီတော့်ကို ကူညီစောင်မမှ ရပါတော့မယ်။ ”
မရှိသည့် မျက်ရည်များကို သုတ်ဟန်ဆောင်ပြီး လုပါးယန်က ပြောလေသည်။
သူ၏ တည်ငြိမ်အေးချမ်းနေသော ဘဝကို အနှောင့်အယှက်ပေးလာသဖြင့် လီယင်လည်း စိတ်ညစ်ညူးကာ စိတ်ပျက်လက်ပျက်ဖြင့် ကျင်းတချမ်ကို လက်ဝှေ့ယမ်းပြလိုက်ပြီး အမိန့်ပေးလိုက်၏။
“ အိမ်တော်ထိန်းကျင်း၊ သူ့ကို ခေါင်းလျှော်ရည်အိုး နှစ်အိုးပေးလိုက်။ ”
လုပါးယန်လည်း ထိုစကားကြားသည်နှင့် ပြုံးသွားကာ ခေါင်းလျှော်ရည်အိုးများကို ယူကာထွက်သွားတော့သည်။
“ ကျေးဇူးကြီးလှပါတယ် အရှင့်သား။ ဒါဆို ကျွန်တော်မျိုး သွားပါဦးမယ်။ နောက်ရက်မှပဲ ကျွန်တော်မျိုး ထပ်လာလည်ပါဦးမယ်။ ”
YOU ARE READING
ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်(လီယင်)
أدب تاريخيဇာတ်လမ်းမှာ လီယင်သည် သူ့အိမ်နောက်ဖေးရှိ ရှေးဟောင်းရေတွင်းကိုဖွင့်ပြီးနောက် ဘဝပြောင်းလဲသွားခဲ့သည်။ ဆဋ္ဌမမြောက်မင်းသား လီယင်လား..။ ၂၁ရာစုက အိုတာခု လီယင်လား...။ သူသည် ကမ္ဘာနှစ်ခုအကြား ကူးသန်းသွားနိုင်၍ ဘယ်ဘဝမျိုးကို သူရွေးချယ်သင့်လဲ။ မောင်းမဆောင်လား...