~ Prologue ~

1.7K 71 22
                                    

Since the first time
we have met,
there is no any day that
I stop loving you.

*ੈ✩‧₊˚༺☆༻*ੈ✩‧₊˚

'ကံကြမ္မာ' ရှေးဟောင်းအမွေအနှစ်ပြခန်းတဲ့ ။

"သမိုင်းတွေဆိုတာ အတိတ်မှာကျန်နေခဲ့ပြီးသားအရာတွေပဲဟာ ဘာကိုများဒီလောက်အထိ စိတ်ဝင်တစား ကြည့်နေကြတာလဲ"

နံရံမှာချိတ်ထားတဲ့ ပန်းချီကားတစ်ချပ်ကိုကြည့်နေရင်း Fourth ဒီလိုပြောလိုက်တော့ တခြားသူတွေက သူ့ကိုခပ်လေလေ ပြုံးပြလာတယ်။ ကောင်းပြီ၊ မင်းတို့ အဲဒါကို မဟုတ်ဘူးလို့တော့ ဘူးခံမငြင်းကြနဲ့နော်...

အနောက်ဘက်က လှမ်းခေါ်နေကြတဲ့ အသံတွေကိုကြားရပေမယ့် သူကသိသိသာသာ လျစ်လျူရှုပစ်လိုက်တယ်။

"I say, I will... I will Shia! ဘာလို့ဒီလောက်ခက်နေရတာလဲ။ အဲဒါပြီးတော့ဘာလဲဟ"

အိုကေ၊ ထားလိုက်တော့ ။ လက်ထဲက စာရွက်ကိုပဲတစ်ခေါက်ထပ်ပြီး ဖတ်ကြည့်လိုက်တော့မယ်။

အဲဒါကိုသိလား၊ စာတော်တဲ့ကျောင်းသားတိုင်းက စာလုပ်ရတာကို မကြိုက်ဘူး။ ဒီလိုမျိုးပဲလေ.. မေဂျာရဲ့ ရုပ်အချောဆုံးကျောင်းသားတိုင်းကလည်း အချစ်ဆိုတာဘာမှန်းကို သိမနေတတ်ကြဘူးမဟုတ်လား။

Fourth က ပြခန်းရဲ့ လှေကားထစ်တွေနားမှာ တစ်ယောက်တည်းရပ်ပြီး၊ ကျောင်းပြဇာတ်အတွက် ဇာတ်ညွှန်းလေ့ကျင့်နေခဲ့မိတာ။ အဲဒီနောက်.. ရုတ်တရက် သတိလက်လွတ်နဲ့ လှေကားပေါ်ကခြေချော်ကျသွားခဲ့ပြီး လေပြင်းတစ်ချက်က အရှိန်ပြင်းပြင်းနဲ့ သူ့ရင်ကိုလှိုက်ခနဲ ပင့်ရိုက်ပစ်သလို ခံစားလိုက်ရတယ်။

ဘယ်ကမှန်းမသိ ထွက်ပေါ်လာခဲ့တဲ့ စန္ဒရားယားသံ တိုးတိုးလေးတစ်ခုကို ကြားလိုက်ရပြီးတဲ့နောက် သူ့ရဲ့မျက်လုံးတွေကို မှိတ်ချပစ်မိတော့တာပဲ...

---

Fourth ရုတ်တရက် နိုးလာခဲ့တယ်။

သူ့ရဲ့ဘေးပတ်ဝန်းကျင်မှာ ညအိပ်မီးအိမ်တစ်လုံးရဲ့ ခပ်မှိန်မှိန် အလင်းရောင်တစ်ခုသာရှိနေပြီး သူလှဲအိပ်နေမိတဲ့ ခုတင်ကလည်း တက္ကသိုလ်အဆောင်မှာရှိတဲ့ သူ့ရဲ့ခုတင်ထက်တောင်မှ နူးညံ့နေသေးတယ်။ ဆိုတော့.. သူက အခုအဆောင်မှာရှိနေတာလည်းမဟုတ်သလို ဆေးရုံရောက်နေတာလည်းမဖြစ်နိုင်ဘူး။

Y U A N F E NWhere stories live. Discover now