05

363 42 36
                                    

ဒီတစ်ခါမှာတော့ Norawit က Nat ကို နေ့လယ်စာအတူသွားစားမယ့် ကိစ္စနဲ့ပတ်သက်ပြီး ထပ်ပြီးငြင်းဆိုခွင့်မပေးတော့ဘူး။ သူ့ရဲ့ မူလရည်ရွယ်ချက်ကိုက ဒီအမျိုးသားလေးနဲ့ ချိန်းဆိုပြီးထမင်းအတူစားချင်ခဲ့ရုံဖြစ်တာမလို့ အချိန်အရ နေ့လယ်စာမဟုတ်ဘဲ ညစာတစ်နပ်ဖြစ်သွားခဲ့ခြင်းအပေါ် သူက စိတ်ထဲသိပ်မထားမိခဲ့ဘူး။ (1960) ထုတ် အသစ်စက်စက် Rover P4 100 အဖြူရောင်ကားတစ်စီးက လမ်း(၃၀) ထိပ်မှာရှိတဲ့ တရုတ်စားသောက်ဆိုင်ဆီကို ဦးတည်မောင်းနှင်လာခဲ့တယ်။

အထက်တန်းလွှာ တရုတ်စားသောက်ဆိုင်တစ်ဆိုင်ရဲ့ ဒုတိယထပ်မှာရှိနေတဲ့ နွေးနွေးထွေးထွေးသီးသန့်ခန်းလေးထဲက စားပွဲပေါ်မှာတည်ခင်းထားခဲ့တဲ့ တရုတ်ဟင်းလျာတွေဟာ အရသာအမျိုးအစားနဲ့အမယ်တော်တော်လေး စုံလင်လှပြီး အာဟာရပြည့်ဝတဲ့ ညစာတစ်နပ်ကို အရသာအာရုံတစ်ခုတည်းနဲ့တင်မဟုတ်ဘဲ အမြင်အာရုံနဲ့ရောပါ အရင်ဆုံးမြည်စမ်းရင်း အရသာခံကြည့်နိုင်လောက်တဲ့အထိ ပြင်ဆင်ထားတဲ့ပုံစံဟာ လက်ရာသေသပ်လှပတယ်။ တရုတ်စားသောက်ဆိုင်ရဲ့ ထိုင်းရိုးရာအချိုပွဲမုန့်တွေက ဒီလောက်အထိ အရသာရှိ၊ ကောင်းမွန်နေခဲ့ခြင်းဟာတော့ အတူတူစားနေတဲ့ မျက်စိရှေ့က ဒီအမျိုးသားလေးရဲ့ အပြုံးချိုချိုလေးတွေကြောင့် ဖြစ်လိမ့်မယ်လို့ Norawit က ဆိုရမှာပဲ...

"ဆွမ်းမွှေးနဲ့လုပ်ထားတဲ့ ကွေ့တာလန်း ပန်းမုန့်ပဲ"

အချိုပွဲအဖြစ် ဒီအမျိုးသားလေး နှစ်သက်ဖို့ကိုမျှော်လင့်ရင်း သူအထူးပြင်ဆင်ခိုင်းထားခဲ့တဲ့ ထိုင်းရိုးရာ ကွေ့တာလန်းပန်းမုန့်တွေရယ်၊ ပင်ကိုမျိုးစိတ်ကိုက လက်ဖက်အနွယ်ဝင်ဖြစ်တဲ့ ကမ်မလီယာပင်ရဲ့ အရွက်တွေကို အခြောက်ခံပြီးလုပ်ထားတဲ့ လက်ဖက်ရည်ကြမ်းအတွဲအစပ်ကို Nat က တကယ်ပဲသဘောကျဟန်ရှိတာမလို့ သူ့အတွက်ကျေနပ်စရာပဲ ။ အချဉ်ဖောက်ထားတဲ့ လက်ဖက်ရည်အချိုခြောက်လောက်တော့ ကဖိန်းဓာတ်ပါဝင်မှုနှုန်းမမြင့်ပေမယ့် ကမ်မလီယာလက်ဖက်ရည်ကြမ်းရဲ့ ကိုလက်စထရောဓာတ်ကို လျှော့ချပြီး၊ နှလုံးရောဂါဘာညာကို သက်သာစေနိုင်တဲ့ အာနိသင်တွေကတော့ ရှိနေသေးတုန်းဖြစ်တယ်။ ပြီးတော့ မုန့်ရဲ့အချိုဓာတ်နဲ့ဆိုရင် အရမ်းကြီးအီမသွားစေဖို့အတွက် သူရွေးထားခဲ့တဲ့ လက်ဖက်ရည်အကြမ်းခြောက်က ပိုပြီးတော့အဆင်ပြေတယ်မဟုတ်လား။

Y U A N F E NWhere stories live. Discover now