part 1

6.8K 66 0
                                    


' Devils '

အပြာရောင် မီးအလင်းဖြင့် ဖိတ်ဖိတ်တောက်နေသည့် ' Devils ' ဆိုသည့် ဆိုင်းဘုတ်ကိုကြည့်ပီး
အထဲဝင်ဖို့ကို စိတ်လှုပ်ရှားနေမိသည်။ ' ရမ်း' သည် ဒီလို နေရာမျိုးကို တစ်ခါမှ မရောက်ဖူး
ခဲ့‌ေသာ်လည်း Clubဆိုသည့်နေရာတွင် များသောအားဖြင့် လူကုံထံ အသိုင်းဝိုင်းတွေနှင့် လူရမ်းကားတွေသာလာတတ်သော နေရာဟု ကြားဖူးထားသည် ဖြစ်ရာ အထဲဝင်ဖို့ကို ကြောက်နေမိသည်။
တံခါးပေါက်နားတွင် ရပ်နေသည့် Security ဦးလေးကြီးကိုမေးပြီး ဝင်သွားရမလား ဒါမှမဟုတ် 'မမလေး'ဆီဖုန်းဆက်လိုက်ရမလား အအော်ခံရမှာလဲသိနေသည်။မထူးတော့ပါဘူး

"ဟို ဦးလေး ကြီး"

" ဘာများဆောင်ရွက်ပေးရမလဲ ခဗျာ"

" ဟိုဟာလေ ဒီအထဲမှာ 'ရမ်း ' အစ်မ ရှိလို့ အဲ့ဒါ ဝင်ခေါ်လို့ရမလားဟင်"

" အသက်ပြည့်ပြီလား မှတ်ပုံတင်ပါလား "

"အသက်သက်က ၂၀ပါ မှတ်ပုံတင်တော့မပါဘူးရှင့် 'ရမ်း'က တက္ကသိုလ်ကျောင်းသူပါရှင့် "

"မင်းပုံစံက မဖြစ်နိုင်ဘူး မှတ်ပုံတင်မပါရင်မဝင်ရဘူး "

ဘယ်လိုလုပ်ရမလဲ 'မမလေး'ဆီဖုန်းခေါ်ပီး လာထွက်ယူခိုင်းရမလား အချိန်ကလည်း ၉နာရီကျော်နေပြီ။

တူ📳📳📳

'မမ‌ေလး 'ဆိုသည့် nameဖြင့် ဖုန်းမြည်သံကြောင့် 'ရမ်း ' အားတက်သွားသည်

"ဟဲလို မမလေး"

"...."

"ရမ်း အရှေ့မှာ ရောက်နေပြီ အထဲဝင်မရဘူး အဲ့ဒါ...."

ရမ်းစကားပင် မဆုံး ဒေါသကြီးသော မမလေး ဆီမှ ဖုန်းကို Security ဆီပေးလိုက်ဟူသည့်အမိန့်တိုင်း ပေးပီးနောက်
တစ်ဖက်မှ ဘာပြောသည်မသိ

"ကလေးမ ဝင်သွားလို့ရပြီ "

"ကျေးဇူးပါ ဦးဦး"

အပြာဖျော့ရောင်မီးတစ်ချို့ဖြင့် အနည်းငယ်မှောင်နေသောလမ်းကျဉ်းလေးအတိုင်း လျှောက်ပြီးနောက် ဆူညံသော တီလုံးသံများနှင့်အတူ

ဝိုင်ခွက် beer ခွက် ကိုယ်စီနှင့် ထိုင်နေကြသော လူများ
တစ်ချို့ကလည်း တီးလုံးနှင့်အတူစင်အောက်တွင်ကနေကြသည်
တည့်တည့်ဝင်လာပြီး ပထမဆုံးတွေ့သည့်လှေကားဖြင့် အပေါ်တက်သွား ရမည် ဟု ပြောလိုက်သောကြောင့် ဟိုကြည့်ဒီကြည့်ဖြင့် တက်လာရာ

She Is Not My Type.(OC)Where stories live. Discover now