part 3

1.8K 37 2
                                    

"ငါးရက်လောက်​​​လေးခရီးသွားပါတယ် တစ်အိမ်လုံး ကမောက်ကမတွေဖြစ် အခု ရမ်း ကဘယ်ရောက်သွားတာလဲ အဲ့နေ့ထဲက ပြန်မလာတာလား"

"ဟုတ်ပါတယ် မေမေကြီး"

"နင်တို့တွေ တစ်ယောက်မှ လိုက်မခေါ်ဘူးလား "

"ကျမလည်း လိုက်ခေါ်မို့ပဲ မမလေးက မလိုက်ရဘူးဆိုလို​့ "

"တောက်"

"အကိုရယ် လုပ်ပါအုန်း ရမ်းက အိမ်နဲ့ကျောင်းကလွဲရင် ဘယ်မှသွားတတ်တာမဟုတ်ဘူး ကိုယ့်အုပ်ထိန်းမှုအောက်မှာ နေနေပြီး တစ်ခုခုဖြစ်ရင် ခိုင်တော့ မေမေ့အပြောခံရမှာပဲ သေချင်တယ် အကို့သမီး လုပ်ပုံကြောင့်"

"ခုမှ မင်း ငိုမနေနဲ့ သူ့အဖွားက ခေါ်နေတာကို မင်းပဲအိမ်မှာကူဖော်ရတယ်ဆိုပြီး ခလေးကို ပြန်မပေးတာ တတ်နိုင်သလောက်တော့ရှာရမှာပဲ မတွေ့ရင်တော့ မင်းတို့ထိုက်နဲ့မင်းတို့ကံပဲ "

"မိချို သွား မေနှင်းဆီမောင် ကိုသွားတက်ခေါ်စမ်း "

"ဟုတ်ကဲ့ မေမေကြီး"

######

"မောင် လဲ အဲ့ချိန် စိတ်တိုနေတာလေ မာမီ့ တူမက လုပ်လိုက်တာ ဇိုင်း ​ခြေထောက်ဆို သွေးတွေရဲနေတာ ဟိုက အရေးမယူလို့ မဟုတ်ရင် မာမီ့တူမ ထောင်ထဲရောက်နေပြီ"

"တိတ်စမ်း မောင် နင့်ဧည့်သည်က ရမ်း ကို ထိကပါးရိကပါးလုပ်လို့နေမှာပေါ့ "

"အမလေး မာမီရယ် ဇိုင်း ဆိုတာ မောင်တို့ ပတ်ဝန်းကျင်မှာ မသိတဲ့လူမရှိ ကျိကျိတက်ချမ်းသာတာ ဘာမဟုတ်တဲ့ အိမ်ဖော်သာသာကို အဖက်လုပ်ပြီး နှာဘူးကျစရာလား မောင့် လိုမိန်းကလေးကိုတောင် သူငယ်ချင်းထပ်မပိုတာ မိခရမ်းပြာလိူလူမျိုးကို..."

"တော်တော့ မောင် နင့်ကိုလွှတ်ပေးထားတာများနေပြီ ရမ်းကို အစေခံလိုသဘောထားတာလဲ မပြောခဲ့ဘူး ခုလောက်ထိ ဖြစ်ကုန်မယ်မထင်လို့ ခုရမ်း ပျောက်နေတာ နင့်အဖွားသိကြည့် ခွေးပြောသလိုအပြောခံရမှာ ရမ်းကိူတွေ့အောင်ရှာ နင့်နည်းနင့်ဟန်နဲ့ ငါဒါပဲပြောမယ်
"

"ကျွတ်!"

@@@@@
ထိုနေ့ညက ပြဿနာဖြစ်ပြီး ရမ်းလည်း Taxi ငှားကာ ဧကရီ တို့အိမ်သို့ သွားခဲ့သည် ပိုက်ဆံရော ဖူန်းရော ဘာတစ်ခုမှ မပါလာသောကြောင့် taxiခကအစ သူငယ်ချင်းဖြစ်သူကစိုက်ပေးရသည်

She Is Not My Type.(OC)Where stories live. Discover now