part 4

2.1K 63 7
                                    


" ဇိုင်း "

Shirt လက်ရှည် အနက်ရောင်ကို တစ်ထောင်ဆစ်လောက်ထိခေါက်ထားပြီး ရင်ဘက်တစ်ဝက်လောက်ထိ ကြယ်သီးများကိုလည်းဖြုတ်ထားသေးသည် ။ ဆံပင်တွေကိုတော့ သူလုပ်နေကျအတိုင်း နဖူးအပြောင်‌သိမ်းကာ တစ်ဝက်စည်းထား၏ အရမ်းနီးကပ်နေတာကြောင့် သူ့ဆီက‌ေန ‌ပြင်းရှရှရေမွှေးနံ့ကိုလည်းရနေသည်။

" မင်း ကို ဒီမှာလာတွေ့ရမယ်မထင်ထားဘူး "

ရင်ထဲမှာ ဒီလူနှင့်ပတ်သက်ပြီး ခံစားချက်လေးတွေရှိခဲ့ဖူးသော်လည်း ဒီလူသားက မပတ်သက်သင့်သည့် လူဆိုတာ ရမ်း သိသည်။ တစ်ကယ်တော့ ရမ်းက ပုန်းနေခဲ့တာလဲ မဟုတ်ပါ
မမလေး တို့အိမ်ကထွက်လာခဲ့ပြီး တစ်ပတ်လောက်အကြာမှာ ကြီးမေနှင့် လေးဇော်က ဧကရီတို့အိမ်ကို ရောက်လာပြီး ပြန်လိုက်ခဲ့ဖို့ပြောခဲ့သည်။
ရမ်း ကို စိတ်မချ၍လာခေါ်သည်မဟုတ်ပဲ Mandalay မှာရှိသည့် ဖွားဖွား၏ အပြောခံရမှာစိုး၍သာဖြစ်သည်။
ဖွားဖွား သည် ဩဇာကြီးမားသည် ရမ်း ကိုလည်း သူနှင့်နေဖို့ အတွင်တွင်ခေါ်သော်ငြား ရမ်းက ကျောင်းပြောင်းရမှာတွေ သူငယ်ချင်းတွေနှသ့်မခွဲနိုင်တာတွေရယ် ပီး ဖွားနှင့်ရမ်းက မေမေတို့ရှိစဉ်က ခနတစ်ဖြုတ်သာ အလည်သွားလျှင် တွေ့ဖူးခြင်းဖြစ်သည် ထို့ကြောင့် ရမ်း ကဖွားကို စိမ်းသည်။ဖွားဖွားနှင့်သွားနေလျှင်လည်း ယခုထက်ပို၍ အနေကြပ်မည်ကို ရမ်း သိသည်
ဖွားဖွားက စည်းကမ်းကြီးသည် အတိုပြတ်ဝတ်တာမျိုးဆို နှာခေါင်းရှုံ့ကာ ကဲ့ရဲ့တတ်သူဖြစ်သည်။ ဖွား နှင့် မမလေးသည် မျက်နှာချင်းဆိုင်၍ပင်မရသော ရေစက်ဖြစ်သည် ခေတ်ရှေ့ပြေးလွန်းသော မမလေးကို ဖွားက တစ်စက်မှကြည့်မရပေ
ရမ်းသည်လည်း ကတိ တစ်ခုဖြင့် အပြင်တွင်လွတ်လပ်စွာနေခွင့်ရနေသည်သာဖြစ်သည်
စာမေးပွဲပီးသည်နှင့် Mandalay က ဖွားဆီ အပြီးသွားနေရမည်ဖြစ်သည် ထို့ကြောင့် တစ်နှစ်အပြင်တွင်လွတ်လပ်စွာနေခွင့်သည်လည်း ယနေ့ည နောက်ဆုံးသာဖြစ်၏

"ပုန်းနေတာမဟုတ်ပါဘူး "

"ဟားး ပုန်းနေတာမဟုတ်ရင် ဘာလဲ မင်း အစ်မတွေအိမ်မှာ မင်းကိုမတွေ့ရတော့ဘူးလေ"

She Is Not My Type.(OC)Where stories live. Discover now