part 9

928 15 0
                                    


" ရောက်ပြီ ဆင်းတော့"

"မဆင်းဘူး"

"ဟာ တစ်လမ်းလုံးလည်း ဂျစ်တိုက်လာတာ ကိုယ့်ပါကိုယ်မဆင်းချင်လို့လား ကိုယ်ချီရမလား"

"ဟင့်အင်း မလိုက်ချင်ဘူး လို့ အစထဲကပြောနေတဲ့ဟာ"

"အိုခေလေ"

သူက မြန်မြန်ပဲ ဆင်းသွားပြီး ရမ်း ဘက်က ကားတံကားကိုဖွင့်ကာ  ပွေ့ဖို့ပြင်တော့

" အို ရတယ် ရမ်း အာ အမေ့"

" ကြာလို့ "

" ချပေး ခုချပေး ရှင်ဘယ်လိုလုပ်နေတာလဲ"

"ချပေးမယ် ညကျရင် ခုတော့ငြိမ်ငြိမ်နေ"

သူ့စကားက နှစ်ကိုယ်ကြား ကြားရုံဆိုပေမယ့် ရမ်းမျက်နှာတစ်ခုလုံးထူပူကာရှက်ရသည်
သူ့ကား ရောက်ထဲက အလုပ်သမားဖြစ်ဟန်တူသည့် ကောင်မလေး ၃/၄ယောက်နဲ့ အသက်၅၀အရွယ်ဦးလေးကြီးက အိမ်ရှေ့မှာ စောင့်ကြိုနေသည် ရမ်းတို့နှစ်ယောက်ကိုကြည့်ပြီး ကောင်မလေးတွေက ပြုံးစိစိ

" ရှက်တယ် ချပေးတော့လို့ "

"သားတို့ရောက်လာပြီလား ဟယ် အမလေး ပြုတ်ကျတော့မှာပဲ "

" ဘုတ်"

"အ!"

"ရှင် ဘယ်လိုလုပ်လိုက်တာလည်း"

" ချပေးဆိုလို့ ချပေးတာလေ"

ရမ်းလည်း Sofaပေါ်ကနေ ကုန်းရုန်းထပြီး ရမ်းကိုပြုံးပြီးကြည့်နေသည့် အန်တီ‌ကြီးကိုမြင်မှ အားလည်းနာ ရှက်လည်းရှက်ပြီး သူ့ကိုမျက်စောင်းထိုးတော့ သူက ပုခုံးတစ်ဖက်တွန့်ပြပြီး ဘာမှမဖြစ်ဟန် ရမ်း ဘေးသို့ ဝင်ထိုင်ရာ ရမ်းလည်း လှစ်ခနဲ့ဆို သူ့အမေအနောက်သို့ပြေးသွားပြီး

" အန်တီ ရမ်း ရမ်း ကိုလေ သူက မေ့ဆေးနဲ့ ခိုးသွားတာပါ ဟို ရမ်း ဆန္ဒမပါပဲလေ ပြီး ပြီးတော့"

" တိတ်စမ်း မင်း လာပြန်ထိုင်နေ"

" မထိုင်ဘူး မထိုင်ဘူး အန်တီ ရမ်းကိုကူညီပါနော်"

" မင်းကိုငါ..'

" သား ခနနေအုန်း သမီးလေး နဲ့ မာမီစကားပြောမယ်"

She Is Not My Type.(OC)Where stories live. Discover now