မမွှေးသော်လည်း လှသည့်ပန်း(bl)
part (14)
---------------unicode/zawgyiဖြူလွှလွှသဲပြင်ပေါ်မှာ တစ်လှမ်းချင်းလျှောက်လာရင်း ပင်လယ်ဆီကရတဲ့ ဆားငွေ့ပါတဲ့လေကို တဝကြီးရှူသွင်းလိုက်တော့ လူက အသစ်ဖြစ်လန်းဆန်းလာရသလို
ဒီနေ့ဟာ အစက ပြန်စသင့်တဲ့နေ့လို့ ကိုယ်တိုင်သတ်မှတ်လိုက်ပြီး"ငါပြန်သွားဖို့ အချိန်ရောက်ပြီထင်တယ်"
တွေးတွေးဆဆလေးပြောလိုက်တဲ့ မိန်းကလေးရဲ့ စကားကြောင့် ဘေးကအတူလျှောက်လာတဲ့ လူရွယ်က ငဲ့ကြည့်လာကာ
"ပြန်ရောက်ရောက်ချင်းကတည်းက ဘာလို့တန်းမသွားတာလဲ"
"မသေချာဘူး ငါ့ကိုယ်ငါလည်း"
"ဘာကို မသေချာရပြန်တာလဲ"
အားမလိုအားမရပြန်မေးလာတဲ့လူကို မော့ကြည့်လိုက်ပြီး
"သူအရင်လိုရှိသေးရဲ့လားဆိုတာ"
လေးဖင့်စွာပြန်ဖြေလာတဲ့စကားကြောင့် တဖက်လူက သက်ပြင်းချလိုက်ပြီး
"ဒါကတော့ ပြန်သွားကြည့်မှ သိမှာပေါ့
ဒီတိုင်းစဉ်းစားနေရုံနဲ့ အဖြေထွက်မလာနိုင်ဘူးလေ""သိပါတယ် ဒါပေမယ့် မျှော်လင့်ထားသလိုဖြစ်မလာမှာ ကြောက်နေမိတယ်
သူ ငါ့ကို နာကျည်းနေတာလည်းဖြစ်နိုင်တယ်လေ"စိမ်းသက်တဲ့အငွေ့အသက်လေးရခဲ့ရင်တောင် ခံစားနိုင်ဖို့မလွယ်ကူတဲ့ ကိုယ့်ခံစားချက်ကို ကိုယ်တိုင်ပဲသိနေပြီး
စိုးရွံ့စိတ်တွေ များနေရပေမယ့် လွမ်းဆွတ်သတိရနေမိခြင်းကလည်း သပ်သပ်ပဲမို့------------------
"ဖွင့်ပွဲအတွက်ပြင်ဆင်ထားတာတွေကတော့ ပြည့်စုံသလောက်ပါပဲ ဝန်ထမ်းပိုင်းကရော နေရာလွတ်တွေရှိနေသေးလား"
ဆိုင်ခွဲဖွင့်ဖို့အတွက် ချောင်းသာမှာ ဉာဏ်ချိုရောက်နေရပြီး
မန်နေဂျာ မသော်တာ စီစဥ်ထားသည့်ဆိုင်ဖွင့်ပွဲအစီအအစဉ်တွေကို စစ်ဆေးကာစိတ်တိုင်းကျသွားရပေမယ့်
ဝန်ထမ်းခေါ်ယူရတဲ့အပိုင်းမှာတော့ အစထဲက ခက်ခဲနေခဲ့ခြင်းကြောင့် မေးလိုက်မိတော့
YOU ARE READING
မမွှေးသော်လည်း လှသည့်ပန်း (bl) completed
Romanceနေ့ အချစ်က ရနံ့ကင်းတဲ့ပန်းလိုပါပဲ ဘယ်သူတစ်ဦးတစ်ယောက်ဆီကိုမှ မွှေးရနံ့လေးတောင် ပျံ့လွင့်မသွားဘဲ မောင့်တစ်ယောက်တည်းအတွက်ပဲ အလှပဆုံး ဖူးပွင့်နေတာမျိုး (နေညို)