မမွှေးသော်လည်း လှသည့်ပန်း(bl)
part (16)
--------------unicode/zawgyiဘာကိုစိတ်ထဲ ကသိကအောက်ဖြစ်နေရမှန်းမသိပေမယ့်
ငိုယိုပြီး ပြေးထွက်သွားတဲ့ ပုံရိပ်လေးကို
ဉာဏ်ချို့ အတွေးထဲက ဖျောက်ဖျက်မရဘဲ ဖြစ်နေသည်သူမအပေါ် နားမလည်ရကောင်းလားလို့ ကိုယ့်ကို ရန်တွေ့ပြောဆိုသွားတဲ့ပုံလေးက
ရင်းနှီးတဲ့လူတွေကြားထဲမှာသာ ဖြစ်လေ့ရှိတဲ့ ဟန်ပန်အမူအယာလေးနဲ့"မင်းက ဘာလဲကွာ"
တစ်ယောက်တည်း ညည်းတွားလိုက်မိရင်း
ရွေးမမီကို တွေ့လိုက်ရတိုင်း နေ့ ပုံရိပ်တွေကိုသာ ထပ်တလဲလဲမြင်ယောင်လာတတ်သည့် ကိုယ့်ကိုယ်ကိုယ်သာ နားမလည်နိုင်အောင်ဖြစ်နေရသည်ဘာမှ အဆက်အစပ်မရှိသည့် လူနှစ်ယောက်ကို သူဘာလို့ ခံစားချက်တွေ ရောထွေးနေရလဲ ဆိုတာ မသိနိုင်တော့ဘဲ
"မင်းနဲ့ ဝေးဝေးနေမှပါ"
နေ့အပေါ်ထားရှိသည့် သူ့သစ္စာတရားတွေက ယိမ်းယိုင်သွားဖို့ မဖြစ်နိုင်သည့်မို့
အမျိုးအမည်မသိသော ခံစားချက်တွေကို ထိန်းချုပ်နိုင်ဖို့ကြိုးစားလိုက်ပေမယ့်
ခံစားချက်ဆိုတာ လူတစ်ယောက်ရဲ့ အရိုးသားဆုံးဝန်ခံချက်ကို ကိုယ့်ကိုယ်ကိုယ်အသိပေးသောအရာ ဖြစ်နေသောအခါ----------------
သီတင်းကျွတ်ပွဲတော် eventလေးအတွက် ဝန်ထမ်းတွေအားလုံး အလုပ်များနေကြသလို
နေတို့ ဌာနက ညပိုင်းအလုပ်သိပ်မရှိတဲ့ ဌာနဖြစ်နေ၍ event အတွက် တာဝန်ယူထားရသည့်အပိုင်းတွေက ပိုများနေရသည်"ရေကူးကန်ဘေးက နေရာလွတ်မှာပဲ မီးထွန်းကြမယ်လေ
ဘယ်လိုမျိုးပုံဖော်မယ်ဆိုပြီး စဉ်းစားထားကြတာရှိလား"နေ ကိုယ့်အဖွဲ့သားတွေကို မေးလိုက်တော့
"နီလာကတော့ resort နာမည် The Sun နဲ့ သီတင်းကျွတ်ပွဲတော်လို့ပဲ ပုံဖော်သင့်တယ်လို့တွေးမိတယ်
တစ်ခါတည်း ကြော်ငြာပြီးသားလည်း ဖြစ်တာပေါ့"နီလာ့ စကားကို နေ လက်ခံခေါင်းညိတ်မိပေမယ့်
"The one and only sun ဆိုရင်ရော
တခြားresortတွေနဲ့ မတူဘဲ ထူးခြားတဲ့ဝန်ဆောင်မှုပေးနိုင်တယ်လို့ အဓိပ္ပါယ်ရမလားလို့လေ"
YOU ARE READING
မမွှေးသော်လည်း လှသည့်ပန်း (bl) completed
Roman d'amourနေ့ အချစ်က ရနံ့ကင်းတဲ့ပန်းလိုပါပဲ ဘယ်သူတစ်ဦးတစ်ယောက်ဆီကိုမှ မွှေးရနံ့လေးတောင် ပျံ့လွင့်မသွားဘဲ မောင့်တစ်ယောက်တည်းအတွက်ပဲ အလှပဆုံး ဖူးပွင့်နေတာမျိုး (နေညို)