မမွှေးသော်လည်း လှသည့်ပန်း(bl)
part (18) final
------------------------unicode/zawgyiဖိတ်စာပေါ်က မွေးနေ့ရှင်နာမည်ကို မြင်လိုက်ရပြီး ဉာဏ်ချို အတွေးများသွားရသည်
ဦးထွဋ်မြတ်ဆိုသည်က နေ့ဖေဖေရဲ့သူငယ်ချင်းဖြစ်ပြီး
နေ့ကို အမြဲတမ်းကူညီပံ့ပိုးပေးနေခဲ့သူ နေ မရှိတဲ့နောက်ပိုင်း မှာလည်း နေ့လုပ်ငန်းတွေကို ကိုယ်စားဦးစီးပေးခဲ့သည့်သူ့ကို ခင်မင်ရင်းနှီးစွာ အကြံဉာဏ်တွေ ပေးနေခဲ့သူဖြစ်သည်
ဦးထွဋ်မြတ်ပိုင်သည့် ဟိုတယ်တွေက မြို့တိုင်းလိုလိုမှာရှိသည်
တခြားစီးပွားရေးလုပ်ငန်းများစွာလည်းရှိသေးသည့် ဦးထွဋ်မြတ်ရဲ့ သမီး ရွေးမမီကတော့ သူ့resortမှာ အလုပ်လာလုပ်စရာ အကြောင်းမရှိ
ဒါဆို နာမည်တူတာလား
ဒီလိုနာမည်မျိုးက တူဖို့ဆိုတာ အဲ့လောက်လွယ်ကူနိုင်ပါ့မလား
စဉ်းစား၍အဖြေပေါ်မလာနိုင်တော့သဖြင့် ဉာဏ်ချို ဖိတ်စာကို စားပွဲပေါ်သာ ပြန်ချထားလိုက်ပြီး"သွားကြည့်ရင်တော့ သိရမှာပေါ့"
မွေးနေ့ပွဲကျင်းပမည့်နေ့ရက် အချိန် နေရာကိုသာ သေချာအောင် မှတ်ထားလိုက်မိသည်
သူ့ရှေ့ကနေ ထူးထူးဆန်းဆန်း ပျောက်ကွယ်သွားသော ရွေးမမီဆိုသော မိန်းကလေးကြောင့်
စိတ်ထဲ နေမထိထိုင်မသာဖြစ်နေရသည်ကတော့အမှန်ပင်
သူမ အနားမှာရှိတိုင်း နေ့ရဲ့အငွေ့အသက်တွေကိုသာ ခံစားနေရတာကြောင့် အမှားမလုပ်မိအောင် ထိန်းနေတဲ့ကြားက
စည်းကျော်ခဲ့မိသည့် အနမ်းတွေကိုတော့ ပြန်ရုပ်သိမ်း၍မရနိုင်တော့
နေ မှမဟုတ်ရင် ဘယ်သူနဲ့မှမပက်သက်ချင်သည့်သူ့စိတ်ကြောင့် ရှင်းပြတောင်းပန်ဖို့ ဆုံးဖြတ်ထားခဲ့ပေမယ့်
သူမက သူ့ရှေ့ကနေ ပျောက်ချင်းမလှပျောက်သွားခဲ့ပြီ"ဟူး...စိတ်မောတယ်"
ဦးထွဋ်မြတ်ရဲ့သမီးဟာ သူသိခဲ့တဲ့ ရွေးမမီ မဖြစ်ပါစေနဲ့လို့ ဆုတောင်းရမှာလား
ဖြစ်ပါစေလို့ပဲ ဆုတောင်းရတော့မှာလားဆိုတာ
သူကိုယ်တိုင်လည်း မခွဲခြားတတ်တော့"လွမ်းတယ်..နေရယ်
မောင့်အဖြစ်ကို မြင်လှည့်ပါဦး"အထီးကျန်စွာ အတွေးများနေရတဲ့အချိန်တိုင်း တမ်းတနေကျ အလွမ်းများနဲ့သာ
YOU ARE READING
မမွှေးသော်လည်း လှသည့်ပန်း (bl) completed
Romanceနေ့ အချစ်က ရနံ့ကင်းတဲ့ပန်းလိုပါပဲ ဘယ်သူတစ်ဦးတစ်ယောက်ဆီကိုမှ မွှေးရနံ့လေးတောင် ပျံ့လွင့်မသွားဘဲ မောင့်တစ်ယောက်တည်းအတွက်ပဲ အလှပဆုံး ဖူးပွင့်နေတာမျိုး (နေညို)