part (17)

37 2 0
                                    

မမွှေးသော်လည်း လှသည့်ပန်း(bl)
part (17)
---------------unicode/zawgyi

"ထွက်စာတင်သွားတာလား"

"ဟုတ်တယ် ကိုဉာဏ်
သော်လည်း ထူးဆန်းနေတာ
ဟိုတစ်ခေါက် ပြဿနာတက်တုန်းကတောင်
ပုံမှန်အလုပ်ဆင်းနေပြီး
အခုမှ ဆိုင်းမဆင့်ဗုံမဆင့် ထွက်စာတင်လိုက်တော့
ကိုဉာဏ်ညက တော်တော် ဆူလိုက်မိလို့လား"

ရုတ်တရက်ကြီး အလုပ်ထွက်စာတင်သွားသော ရွေးမမီကြောင့် သူလည်း အံ့သြနေရပေမယ့်

"အလုပ်ထွက်ရလောက်အောင်တောင်
မလုပ်မိဘူး.... ထင်ပါတယ်"

မတင်မကျသူ့အဖြေကို နားမလည်နိုင်သလို ပြန်ကြည့်နေသည့် မသော်တာကို စကားဆက်မပြောနိုင်တော့ဘဲ
ဉာဏ်ချို အတွေးများသွားရသည်
အစထဲက ရွေးမမီကို နမ်းခဲ့မိတဲ့အဖြစ်ကြောင့် အမှားလုပ်မိသလို ခံစားနေရပေမယ့်
အလုပ်ထွက်စာပါတင်သွားတဲ့အထိဆိုတော့ သူ့ရဲ့ အပြစ်ရှိစိတ်က ပိုကြီးထွားလာရသည်

"ဒီမိန်းကလေးကွာ..ဘာလို့ ဒီလိုလုပ်ရတာလဲ"

ရွေးမမီရဲ့ ဆုံးဖြတ်ချက်ကို နားမလည်နိုင်စွာ ညည်းတွားလိုက်မိရင်း
နားလည်လောက်အောင် ရှင်းပြတောင်းပန်မယ်လို့ စိတ်ကူးထားခဲ့သည့် သူ့အတွေးတွေက တောင်းပန်ခွင့်တောင် မပေးသည့် မိန်းကလေးကြောင့်
နောင်တစိတ်နဲ့ တနုံ့နုံ့ ခံစားနေမိရင်းသာ

------------------

"ဘာဖြစ်ရပြန်တာလဲ"

"ဒီတိုင်း..နေ လုပ်နေတာတွေက မမှန်ဘူးလို့ခံစားမိလို့ပါ"

စိတ်ရှုပ်ထွေးနေတာ သိသာစေသော မျက်နှာလေးကြောင့် ထွဋ်ခေါင် စိတ်မသက်မသာ ဖြစ်ရပေမယ့်
သူကိုယ်တိုင်လည်း နေ့လုပ်ရပ်တွေက အဓိပ္ပါယ်မရှိဘူးလို့ ယူဆထားတာကြောင့် အလုပ်ထွက်ရတဲ့အကြောင်းအရင်းကို အသေးစိတ်မေးမနေတော့ဘဲ

"ကိုယ်..ရန်ကုန်ပြန်ရအုံးမယ်
နေ တစ်ယောက်တည်း ဒီမှာကျန်နေခဲ့လို့ အဆင်ပြေပါ့မလား
ကိုယ်နဲ့ပြန်လိုက်ခဲ့မလား"

ညီမငယ် ရွေးမမီရဲ့ မွေးနေ့ပွဲရှိနေ၍ ရန်ကုန်သို့ ပြန်ရမည့် သူ့မှာ
အပမ်းဖြေအိမ်မှာ တစ်ယောက်တည်း ကျန်ရစ်မည့် နေ့အတွက်လည်း စိတ်မချနိုင်တာကြောင့် မေးလိုက်မိတော့

မမွှေးသော်လည်း လှသည့်ပန်း (bl) completedWhere stories live. Discover now