Recommend Song :
Cruel Summer by Taylor SwiftSummer, 2012
Port Fairy ရဲ့ နွေရာသီကမ်းခြေက အလှဆုံးလို့ဆောနူးထင်တယ်။ ပြာစိမ်းစိမ်းရေလှိုင်းတွေက ကမ်းစပ်အနားသပ်မှာဖြူဖွေးနေတာကိုဆောနူးကအရမ်းသဘောကျတယ်။
ဒီနေ့က နွေရာသီ အားလပ်ရက်ရဲ့ တတိယမြောက်နေ့ပဲ။ East Beach မှာ မနက်ဆယ်နာရီ နေပူဆာလှုံရင်း ပန်းချီဆွဲတာဆောနူးပဲရှိမယ်။ ဘာလို့ဆို ကျန်တဲ့လူငယ်တွေအကုန်လုံးက ဘောလီဘောပုတ်ကြတယ်။ ရေလှိုင်းစီးကြတယ်။ ကမ်းခြေနဲ့လိုက်ဖက်စွာပဲဆောနူးရဲ့ အသားဖြူဖြူကနီရဲနေတယ်။ မကြာခင်နေလောင်တော့မယ်ဆိုတာသိပေမယ့် sunscreen ကို သူလျစ်လျူရှုထားလိုက်တယ်။
ဘေးနားမှာရှိတဲ့ beer ပုလင်းက တံဆိပ်ကိုဆောနူးက ဖြေးဖြေးချင်းသတိထားခွာလိုက်တယ်။ ပြီးတော့ သူ့journal စာမျက်နှာအလွတ်မှာဖြေးဖြေးချင်းဖိကပ်လိုက်တယ်။
" Yayy!!!!"
ဘောလီဘောကစားနေတဲ့ဘက်ကအသံကျယ်ကျယ်ထွက်လာတော့ ဂျောင်ဝန်းတို့ team နိုင်သွားပြီဆိုတာဆောနူးသဘောပေါက်လိုက်တယ်။ ဒါပေမယ့်သူလှမ်းမကြည့်ဖြစ်ဘူး။
ဆောနူး မော့မကြည့်ပေမယ့် ဂျောင်ဝန်းနီးသူ့ဆီကိုပြေးလာပြီဆိုတာသူသိတယ်။ ဘေးမှာရှိတဲ့ရေခဲပုံးထဲကနေ ရေပုလင်းကိုအသင့်ထုတ်ပြီးကိုင်ထားလိုက်တယ်။
" oh yeah, thank you! "
" ဂျောင်ဝန်းနီး အင်္ကျီဝတ်ထားပါလား။ မင်းကျောကုန်းတွေ နီရဲနေပြီ"
အပေါ်ပိုင်းဗလာနဲ့ ဂျောင်ဝန်းက တကိုယ်လုံးချွေးတွေနဲ့နစ်နေတယ်။ နေရောင်ကြောင့် အသားတွေလည်းနီစပ်လို့။
" တော်ပြီ hyung! နောက်တစ်ပွဲပဲ.. ပြီးရင်ပြန်ကြတော့မှာ.. hyung ထိုင်မနေဘဲ ဝင်ဆော့ပါလား.. စီနီယာအီသန်လည်းရှိတယ်လေ "
ဂျောင်ဝန်းနီးရဲ့ အသံအဖျားခတ်လေးက ရယ်သံစွက်နေတယ်။ သူ့ကို အရမ်း စ ချင်နေမှန်းသူသိတယ်။ ပြောရမယ်ဆို လှုပ်လှုပ်ရှားရှားလုပ်ရတာမကြိုက်တဲ့ William Kim က East beach မှာနေထွက်ကတည်းက ရှိနေတာထူးဆန်းတယ်လေ။
အကြောင်းပြချက်အများကြီးမလိုပါဘူး။ ဘာကြောင့်ဆို Ethan Lee ကြောင့်ပဲ။
YOU ARE READING
First Love, Twin Flame & The End
Fanfictiona story about Kim Sunoo's love life Heesun SunSun Sunjay