Recommend Song
All too well by Taylor SwiftAutumn, 2019
" မာမား ကျွန်တော် ညနေမှ ဖုန်းပြန်ဆက်လို့ရမလား?"
ဆောနူးက ခပ်တိုးတိုးတောင်းဆိုပေမယ့် သူ့မေမေကတော့ ဆက်ပြောနေတုန်းပဲ။
" အခုအလုပ်က အရမ်းအဆင်ပြေပါတယ် မာမားကျေးဇူးပြုပြီး ကျွန်တော့်ကို ယုံကြည်ပေးလို့ရမလား.. "
"------------"
" ကျွန်တော် အိမ်ကို ဘာပြသနာမှလည်း မသယ်လာသလို ဝန်ထုတ်ဝန်ပိုးလည်းမဖြစ်စေခဲ့ဘူးလေ။ မာမား ကျွန်တော် 23 နှစ်ရှိပြီ။ ကျေးဇူးပြုပြီးတော့ ကျွန်တော်မလုပ်နိုင်ဘူးလို့မတွေးဘဲ ချီးကျူးပေးလို့ရမလား"
သူနဲ့မာမားက ကိစ္စတခုကိုဦးတည်ဆွေးနွေးနေတာထက် ကိုယ်ဖြစ်ချင်တာကိုပဲအော်ပြောနေတဲ့ ကလေးနှစ်ယောက်နဲ့တူနေတယ်။
မာမားစီစဥ်ပေးတဲ့ Sydney က အလုပ်ကိုငြင်းပြီး Seoul ထိရောက်လာတဲ့ သူ့ကို မာမားကအရမ်းဒေါသထွက်နေတယ်။ Asian မိခင်တွေရဲ့ သဘာဝအတိုင်း မာမားက သူ့အနာဂတ်ကို စီစဥ်ပေးချင်တယ်။ သူကတော့ ကိုယ်တိုင်ကြိုးစားပြီးရထားတဲ့ အလုပ်ကိုလုပ်ချင်တယ်။
" တောင်းပန်ပါတယ်။ ဘယ်တော့မှ မာမားအတွက်မလုံလောက်ခဲ့လို့"
မာမားဘာဆက်ပြောတယ်ဆိုတာ သူနားမထောင်နိုင်တော့ဘူး။ ဖုန်းကိုချလိုက်မိတယ်။
ပထမဆုံးအလုပ်ဝင်ရမယ့်ရက်မှာ သူလန်းဆန်းနေချင်တယ်လေ။ အိမ်ကနေ မိနစ်သုံးဆယ်လောက် busစီးသွားရင် ရောက်တဲ့အလုပ်နေရာကိုလည်း ဆောနူးကအရမ်းသဘောကျတယ်။
Seoul ကိုရောက်တဲ့တစ်ပတ်အတွင်းမှာ အိမ်ကိုနေရာချရတာရယ် အလုပ်အတွက် second interview ကို အသည်းအသန်ပြင်ဆင်ရတာရယ်နဲ့ သူမအားလပ်နိုင်ခဲ့ဘူး။
msg noti အသံကြားလို့လှမ်းကြည့်လိုက်တော့ ဂျောင်ဝန်းနီး။ မာမားနဲ့သူနဲ့ကြားမှာဖျန်ဖြေပေးဖို့ကြိုးစားနေတာနေမှာပေါ့။ ဒီလိုကြတော့ သူ ဂျောင်ဝန်းကိုလွမ်းသွားတယ်။ အမွှာနှစ်ယောက်ဘယ်တော့မဆို မခွဲဘဲအတူတူရှိခဲ့တာ။ အခုသူက Seoul မှာ ဂျောင်ဝန်းနီးက Brisban မှာ။
YOU ARE READING
First Love, Twin Flame & The End
Fanfictiona story about Kim Sunoo's love life Heesun SunSun Sunjay