Recommend Song:
Midnight Rain by Taylor Swiftလူအရမ်းများတဲ့ မြောင်ဒုံကို ဆောနူးမကျွမ်းဘူး။လမ်းတွေလည်း ဘယ်တော့မှမမှတ်မိဘူး။ ဒါပေမယ့် ဆောင်ဟွန်းက မြောင်ဒုံကို အရမ်းသဘောကျတယ်။ ညနေဘက်ရုံးဆင်းကို အမြဲအဲဒီမှာပဲတွေ့ဖို့ချိန်းတယ်။
ကျောင်းကနေ နာရီဝက်လောက်မတ်တပ်ရပ်ပြီး bus စီးလာရလို့ ဆောနူးကမကြည်ဘူး။ ကားက လူအပြည့်အသိပ်အပြင် ကားလမ်းကလည်းပိတ်တော့ သူ့မှာတောင့်တင်းနေတာပဲ။
ဆောနူး ကားပေါ်ကဆင်းခဲ့တော့ ကားဂိတ်မှာရပ်စောင့်နေတဲ့ သူ့ရည်းစားကို ထင်းထင်းကြီးမြင်ရတယ်။ အားလုံးထက်ခေါင်းတလုံးမြင့်ပြီး ဆိုက်ဂိုက်အပြည့်နဲ့မတ်တပ်ရပ်နေတာ။
ဆောနူး မမြင်ချင်ယောင်ဆောင်ပြီး ဆောင်ဟွန်းနဲ့ဆန့်ကျင်ဘက်အရပ်ကိုထွက်သွားလိုက်တယ်။ ကင်ဆောနူးနဲ့ထူးဆန်းတဲ့အကျင့်လေးပေါ့။
သူက ဆောင်ဟွန်းကိုလိုက်ရှာရတာထက် ဆောင်ဟွန်းကသူ့ကိုလိုက်ရှာပြီး ရှာတွေ့ခံရတာကိုပိုသဘောကျတယ်။ ဆောနူးကဆောင်ဟွန်းနဲ့ပတ်သတ်လာရင် ဒီလိုမသိသာတဲ့လောဘသေးသေးလေးတွေကအစ ရှိတယ်။
မကြာလိုက်ပါဘူး။ ဆောင်ဟွန်းကဆောနူးကိုလိုက်ဆွဲရှာတယ်။ ကင်ဆောနူးကလည်းအခုမှတွေ့သွားသလိုဟန်ဆောင်တယ်။ ဆောင်ဟွန်းက ဆောနူးရဲ့လက်ကောက်ဝတ်ကိုတင်းတင်းကျပ်ကျပ်ကိုင်ထားတယ်။
သာမန်သမီးရည်းစားတွေလိုလက်ချင်းတွဲတယ်ဆိုတာမျိုးပတ်ဆောင်ဟွန်းကမလုပ်ဘူး။ ဆောနူးကိုလက်ကောက်ဝတ်ကနေပဲအားရပါးရ ပိုင်စိုးပိုင်နင်းကိုင်လေ့ရှိတယ်။
" ပဲခေါက်ဆွဲပဲ ထပ်မစားနိုင်ဘူးနော်။ ငါအရမ်း စိတ်ညစ်ညူးနေပြီ"
" ဟာ... မောင် စားချင်တာလေ။ ပဲခေါက်ဆွဲအစပ်လေ။ "
" တပတ်လုံးစားနေတာလေ။ မငြီးငွေ့ဘူးလား။ မောင် စားချင်ပေမယ့် ငါမစားချင်တော့ဘူးလေ"
" ကင်ဆောနူးက ခက်တယ်ကွာ"
" ဖြစ်ရတယ်"
" လေးရက်တည်းစားရသေးတာကို ငြီးငွေ့တာနော်.. အခုဆို အင်း... လေးလလောက်မောင့်ကို တွဲလာတာဆိုတော့ တော်တော်ငြီးငွေ့လောက်ပြီမလား"
YOU ARE READING
First Love, Twin Flame & The End
Fanfictiona story about Kim Sunoo's love life Heesun SunSun Sunjay