Part 3

516 79 2
                                    

နောက်တစ်နေ့မနက်စောစောတွင် အားဖေးပြန်ရောက်လာသည်။ ဧည့်ခန်းတွင် စာအုပ်များကြားနစ်မြုပ်နေသည့်ဖန်းသောပင့်

"ဝေး ဒီစာအုပ်တွေဘယ်ကရတာလဲ"

ရုတ်တရက်အားဖေးအသံကြောင့် ဖန်းသောပင့်လန့်သွားသည်။

"မင်းပြန်ရောက်လာပြီလား ။ ဒီစာအုပ်တွေက ခယ်ချို့ရွာက သွားရှာထားတာ။ နမ်ရင့်နဲ့ပတ်သက်တာတွေလေ မေ့လျော့ခြင်းမြစ်ပန်းအကြောင်း သဲလွန်စများရမလားလို့ ။ ဒါနဲ့ မင်းရောဘာထူးခြားတာသိခဲ့သေးလဲ

"လီလျန်ဟွားရော"

တရစပ်ပြောသွားသည့်ဖန်းသောပင့်အမေးအားမဖြေဘဲ လီလျန်ဟွားကိုသာမေးသော အားဖေး။

"သူအိပ်နေတုန်း မနေ့ကပင်လယ်မှာအကြာကြီးနေမိလို့ ညကနေမကောင်းဖြစ်ထားတာ"

"မင်း သူ့ကိုဘယ်လိုဂရုစိုက်နေတာလဲ ငါမရှိတာနဲ့မဖြစ်တော့ဘူးပဲ"

အားဖေးခပ်အေးအေးပဲပြန်ပြောကာ လီလျန်ဟွားရှိရာအခန်းထဲသို့ဝင်သွားသည်။ လီလျန်ဟွားကတော့ ကုတင်ပေါ်မှာအိပ်မောကျနေသည်။

"လီလျန်ဟွားစုတ် အိပ်နေတုန်းပဲအေးတယ်။ မအိပ်နေရင်တော့ အမြဲထွက်ပြေးဖို့ချောင်းနေတာ"

တီဖေးရှန်းပြောစကားကိုဖန်းသောပင့်ရယ်လိုက်သည်။

"လာပါ ကြည့်ပြီးရင်လည်းအပြင်ထွက် ပြောစရာရှိတယ်။ "

"ဆိုတော့ မင်းမေ့လျော့ခြင်းမြစ်ပန်းသဲလွန်စရှာတွေ့သေးလား"

"ငါကျောင်လိချောင်ဆီကတစ်ခုခုရမယ်ထင်လို့ သူ့အခန်းကိုသွားရှာခဲ့တယ်။ မင်းကြည့်"

တီဖေးရှန်းပေးသော ပေလိပ်လေးကိုဖန်းသောပင့်ဖြန့်ကြည့်လိုက်သည်။ သေချာတာ ပိချာအဆိပ်ဖော်စပ်နည်းပင်ဖြစ်သည်။

"ဒါမို့ပဲ သူပိချာအဆိပ်ကို လီရှန့်ယီကိုခတ်ခဲ့တာ။ အဆိပ်ဖော်နည်းတော့တွေ့ပေမဲ့ ဖြေနည်းကိုတော့မတွေ့ဘူး"

ဖန်းသောပင့် တီဖေးရှန်းကိုပြောလိုက်သည်။

"မနေ့ကရှောင်ဟွားနဲ့ပြောဖြစ်တယ် သူပြောတာ ပိချာအဆိပ်ကို နမ်ရင့်မိဖုရားကပဲထွင်ခဲ့တာမို့ ဖြေနည်းကလည်း နမ်ရင့်မိဖုရားမျိုးစပ်ခဲ့တဲ့ မေ့လျော့ခြင်းမြစ်ပန်းဖြစ်ခဲ့တာတဲ့။ အဲဒီပန်းကိုဘယ်မျိုးနဲ့စပ်ထားလဲဆိုတာသိရင်ရပြီပဲ"

Lotus Spirit Where stories live. Discover now