Part 18

391 63 11
                                    

လီလျန်ဟွားနိုးလာတော့ သူ့ဘေးမှာအိပ်နေတဲ့လူတစ်ယောက်ကိုတွေ့သည်။ ဒါမို့ထထိုင်ပြီး ခဏကြာသည်အထိထိုလူကလည်းမနိုးလာသေးပါ။ ဖန်းသောပင့် ဒီအတောအတွင်း လီလျန်ဟွားကိုဂရူစိုက်ရတာကြောင့် သေချာမအိပ်ရပေ။ ဒါမို့ခဏလေးဆိုရင်ဆိုသလို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တတ်သည်။ ဖန်းသောပင့်အိပ်နေရင်း လှုပ်စိလှုပ်စိအသံကြားရတာကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ အိပ်ရာထက်မှာထိုင်နေတဲ့ လီလျန်ဟွားကိုတွေ့လိုက်ရသည်။

"ရှောင်ဟွား မင်းနိုးလာပြီလား မင်းဘာလို့ငါ့ကိုမနှိုးတာလဲ"

ဖန်းသောပင့်ပြောပေမဲ့ လီလျန်ဟွားကပြူးကြောင်ကြောင်လေးသာ ကြည့်နေသည်။

"ငါ...."

လီလျန်ဟွားပုံစံက ထူးဆန်းသလိုဖြစ်နေတာကြောင့် ဖန်းသောပင့်ရိပ်မိသွားသည်။

"မင်းဘယ်သူလဲဆိုတာမှတ်မိလား"

"ငါ... ငါ...."

လီလျန်ဟွားကအသည်းအသန်စဉ်းစားနေပုံကြောင့် ဖန်းသောပင့်လည်းဖိအားမပေးချင်ပါ

"တော်ပြီ မစဉ်းစားနဲ့တော့ မင်းနာမည်က လီလျန်ဟွားလို့ခေါ်တယ် အားဖေး ရှောင်ဟွားနိုးလာပြီ"

ဖန်းသောပင့်ပြောရင်း အားဖေးကိုပါ လှမ်းခေါ်လိုက်တော့ အခန်းထဲဝင်လာသည်။
လီလျန်ဟွား အားဖေးကိုပါ ပြူးကြောင်ကြောင်ကြည့်နေသည်။

"သူ..."

အားဖေးက မျက်နှာရိပ်မျက်နှာကဲနဲ့မေးတာကြောင့် ဖန်းသောပင့် ခေါင်းငြိမ့်ပြလိုက်သည်။

"သူက တီဖေးရှန်း မင်းသူ့ကို အားဖေးလို့ခေါ်တယ်။ ငါကဖန်းသောပင့် မင်းငါ့ကိုရှောင်ပေါင်လို့ခေါ်တယ်။ မင်းရဲ့အကောင်းဆုံးသူငယ်ချင်းတွေ။"

"အကောင်းဆုံးသူငယ်ချင်း?"

လီလျန်ဟွားလည်း နောက်ကသံယောင်လိုက် ပြန်ပြောသည်။

"ဟုတ်တယ်"

ဖန်းသောပင့်ပြောလိုက်တော့ လီလျန်ဟွားလည်းနားလည်သည့်အလား ရယ်ပြသည်။ ဒီတလော လီလျန်ဟွားကဆေးပဲသောက်ပြီး အစာသေချာမစားရတာကြောင့်ပိန်တာမှ စက္ကူလေးလိုပင်။ ဒါမို့လီလျန်ဟွားအတွက် အားဖြည့်ဖို့ဆန်ပြုတ်ချက်ပေးဖို့ပြင်လိုက်သည်။

Lotus Spirit Donde viven las historias. Descúbrelo ahora