Part 4

539 79 10
                                    

ညနေတွင် ဖန်းသောပင့်နဲ့တီဖေးရှန်း အဘိုးရှို့ဆီရောက်လာသည်။ လီအိမ်တော်ကိုသွားရမည်ဖြစ်သောကြောင့်လီလျန်ဟွားရဲ့ကျန်းမာရေးအတွက် လိုအပ်သည့်ဆေးပင်တွေယူရန်ဖြစ်သည်။ အဘိုးရှို့ကတော့ လီလျန်ဟွားကိုလှုပ်လှုပ်ရှားရှားမလုပ်စေချင် အထူးသဖြင့်အတွင်းအားကိုထုတ်မသုံးမိစေဖို့သတိပေးသည်။

"အဘိုးရှို့ စိတ်မချရင်လည်း အခုတစ်ခေါက်လီလျန်ဟွားကိုလိုက်စမ်းသပ်လိုက်ပါလား ပြောရရင် အခုတလောသူအတော်ကောင်းလာသေးတယ်"

"မင်းမပြောရင်တောင် ငါလိုက်မလို့ပါပဲ ဒီကောင်စုတ်လေး အခုရော ငါ့စကားနားထောင်ပါ့မလား"

အဘိုးရှို့အပြောကြောင့်ဖန်းသောပင့်ရယ်လိုက်သည်။ လီလျန်ဟွားသည်အတော်ခေါင်းမာသောလူဖြစ်သည်။ ဖန်းသောပင့်မှတ်မိသေးတယ် အဘိုးရှို့ကိုလီလျန်ဟွားဆီခေါ်သွားတုန်းက သူ့အကြောင်းသူသိသည်ဟုဆိုပြီး ဆေးကုပေးသမျှ ငြိမ်ငြိမ်လေးတစက်မှမခံပါ ။ သူမခုခံနိုင်တဲ့အချိန်လေးပဲအငြိမ်နေတတ်တာမျိုးဖြစ်သည်။ ဒါပေမဲ့ အဘိုးရှို့ကလည်း လီလျန်ဟွားလိုကုလို့မရတဲ့ ပိချာအဆိပ်ကိုမှ ပိုပြီးတောင်ကုချင်သည်။ ပြောရရင် လျန်ဟွားကိုရှာတွေ့ပြီးတဲ့၁၂ရက်မှာ အဘိုးရှို့ကျေးဇူးတွေကြောင့် သူပိုကောင်းလာတယ်လို့ဆိုရမယ်။

ခဏကြာတော့ ဖန်းသောပင့်နဲ့တီဖေးရှန်း တောင်ချောက်ကမ်းပါးတွင်ဆေးပင်တွေခူးသည်။ အရင်ကသူတစ်ယောက်ထဲခူးခဲ့ရာ အခုတော့အားဖေးပါပါသဖြင့် ခဏအတွင်းပိုမြန်မြန်ခူးနိုင်ခဲ့သည်။ ဒီဆေးပင်တွေကရှားပါးဆေးပင်တွေဖြစ်တာကြောင့် မနက်ဖြန်အခြောက်ခံပြီး လီလျန်ဟွားအတွက်များများသယ်သွားရမည်။

ခူးရင်းမကြာဘူး မည်းမှောင်လာသောမိုးသားထုကြီး။

"ဖန်းသောပင့် မိုးရွာတော့မယ်ထင်တယ်။ အမြန်လက်စသတ်ပြီးပြန်ရအောင် အိမ်မှာလီလျန်ဟွားပဲရှိတယ်"

"သိပါပြီ"

ဆေးပင်တွေကိုသေချာလုံအောင်ဖုံးကာ နှစ်ယောက်သား တောင်ပေါ်ကနေပြန်ဆင်းပြီးပြန်လာခဲ့သည်။ အဘိုးရှို့ကိုတော့ မိုးတွေရွာတော့မည်ဖြစ်တာကြောင့်နောက်မှပဲ အိမ်လိုက်ခဲ့ဖို့သာ ဝင်ပြောလိုက်သည်။

Lotus Spirit Where stories live. Discover now