Part 12

430 70 14
                                    

လီလျန်ဟွားကိုရေဘက်တိုက်ပေးပြီး ဖန်းသောပင့်လည်းကုတင်ဘေးမှာပဲအိပ်ပျော်သွားသည်။
ခဏကြာတော့ အားဖေးကလာနိုးသည်

"ဖန်းသောပင့် အခန်းပြန်အိပ်လေ အောက်မှာအေးနေမယ်"

"ဟင် အားဖေး ဘာမှမဖြစ်ဘူး"

ဖန်းသောပင့် အိပ်ချင်စုံမွှားနဲ့ထလာသည်။

"ဆေးတွေပါပြီလား "

"အင်းဆေးရော ထမင်းရော လျန်ဟွားမစားနိုင်ရင်တောင် မင်းတော့စားရမယ်လေ"

ဒါမို့ဖန်းသောပင့်လည်းအပြင်ထွက်ပြီး ဆေးကျိုသည်။ နောက်ကျထမင်းအတူစားပြီး အားဖေးကတော့ ဒီတိုင်းထိုင်စောင့်နေလို့မဖြစ်ဘူးလို့ဆိုပြီး မေ့လျော့ခြင်းမြစ်ပန်းအကြောင်းစုံစမ်းဖို့ထွက်သွားသည်။ ဖန်းသောပင့်လည်း လီလျန်ဟွားအခန်းထဲပဲပြန်ဝင်ပြီး လီလျန်ဟွားကိုအဖော်ပြုပေးလိုက်သည်။ တစ်မနက် တစ်နေ့ခင်း တစ်ညနေလုံးသတိမရဘဲ မိုးချုပ်မှ လီလျန်ဟွားလှုပ်လာသည်

"ရှောင်ဟွား မင်းနိုးလာပြီလား"

ဖန်းသောပင့်စိုးရိမ်တကြီးမေးလိုက်တော့ခေါင်းငြိမ့်ပြသည်။ ဒါပေမဲ့ လီလျန်ဟွားရဲ့မျက်လုံးတွေက ဟိုကြည့်ဒီကြည့်လိုက်ကြည့်နေသည်။ ကြည့်ရတာ မမြင်ရပြန်တော့ဘူးထင်တယ်။ ညလည်းနက်နေတာမို့ မီးအိမ်ကလည်းသိပ်မလင်းတဲ့အပြင် လီလျန်ဟွား ပိချာအဆိပ်ထပြီးတိုင်း ခေတ္တအမြင်အာရုံဝေဝါးတတ်တာကိုသူသိသည်။

"မလှုပ်နဲ့ မမြင်ရဘူးမလား လိမ်ဖို့မစဉ်းစားနဲ့တော့။ ဒီမှာခဏနေဦး ဆေးသွားယူပြီးလာခဲ့မယ်"

ဖန်းသောပင့်ပြောပြီး လီလျန်ဟွားကိုတိုက်ဖို့ ကျိုထားတဲ့ဆေးကိုသွားယူဖို့လုပ်လိုက်သည်။
လီလျန်ဟွားက မေ့နေလျင် လုံးဝဆေးဝင်အောင်တိုက်လို့မရပါ ။ ဒါမို့ သတိရလာမှသာတိုက်ဖို့လုပ်ရသည်။
လီလျန်ဟွားအတွက်ဆေးကို မီးဖိုပေါ်ကချထားလျှင် အေးသွားမည်စိုးတာကြောင့် မီးဖိုပေါ်တင်ထားခြင်းသာ။ ပန်းကန်ခွက်ထဲထည့်လိုက်ပြီး အနည်းငယ် နွေးတေးတေးဖြစ်အောင်မှုတ်နေတုန်း အခန်းထဲကဝုန်းဆိုတဲ့အသံကြားလိုက်ရပြန်သည်။ ဒီလီလျန်ဟွား.... ဖန်းသောပင့် အမြန်ဆေးခွက်ကိုင်ပြီး အခန်းထဲပြန်ဝင်လာတော့ မြင်လိုက်ရတဲ့မြင်ကွင်းက သူ့ရင်ကိုတဆစ်ဆစ်နာကျင်စေသည်။

Lotus Spirit Donde viven las historias. Descúbrelo ahora