P-9(22/aug)

1.8K 35 2
                                    

💖 ချစ်ခြင်းမေတ္တာ ယုံကြည်စွာဖြင့် 💖
Part - 9

နေမင်းသက္က ဆန်ပြုတ်ကိုသေချာမြည်းကြည့်ရင်းမှ အရသာလေးကောင်းတာကြောင့် စိတ်ကျေနပ်သွားရသည်။ သူ့ဘဝမှာ မီးဖိုချောင်ဝင်ဖြစ်မယ်လို့ တစ်ခါမှမတွေးဖူးသလို ချစ်ပန်းလေးအတွက်မို့သာ စိတ်လိုလက်ရ ကိုယ်တိုင်ဝင်ချက်ပြုတ်ဖြစ်သည်။ ဆေးဖြတ်တာ သိပ်ပင်ပန်းသည်။ ချစ်ပန်းနှင်းဆီတစ်ယောက် အရမ်းပိန်သွားသလို လက်ချောင်းလေးတွေဆို အရိုးအဆစ်လေးတွေပေါ်လာတာမို့ အားရှိအောင်  သေချာဂရုစိုက်ပေးသည်က နေမင်းသက္ကပင်။

အခုလဲ ချစ်ပန်းနှင်းဆီ အိပ်ပျော်နေတုန်း နိုးလာလျှင် အဆင်သင့်စားနိုင်ရန်အတွက် ငါးခူဆန်ပြုတ်လေး လာပြုတ်နေခြင်းဖြစ်သည်။ အပေါ်ထပ်မှာ ဒေါ်ခင်ထားဆွေစောင့်ပေးနေတာမို့  သူကအေးအေးဆေးဆေး မီးဖိုချောင်ဝင်နိုင်ခြင်းဖြစ်သည်။ ဆန်ပြုတ်ပန်းကန်နှင့် ငါးခူကြော်ပန်းကန်လေးကို သစ်သားဗန်းလေးထဲ ထည့်ကာ အပေါ်ထပ်တက်လာခဲ့ရင်း အခန်းနားရောက်သည်နှင့် ချစ်ပန်းလေးနှင့် အန်တီဆွေ့စကားပြောသံကို ကြားလိုက်ရသည်။

" သမီး.....နောက်လိမ္မာတော့နော်။ မောင်နေမင်းသက္ကဆို သမီးကို ဘယ်လောက်ချစ်ပြီးဂရုစိုက်လိုက်သလဲကွယ်။ "

" ဦးနေ ပင်ပန်းတာ သိပါတယ် ။ သူ သမီးနဲ့တွေ့တာ ကံဆိုးတာပဲ။ "

ကြားလိုက်ရသည့်စကားကြောင့် သူ စိတ်မသက်မသာဖြစ်သွားရသလို အခန်းတံခါးကိုတွန်းဖွင့်ကာ ဝင်လိုက်ရင်းမှ....

" ကိုယ်ကတော့ အဲ့လိုမထင်ဘူး....."

သူ့ကို မျက်လုံးဝိုင်းလေးနဲ့ တအံ့တသြငေးကြည့်လာသဖြင့် သူပြုံးပြလိုက်ရင်း လက်ထဲမှဗန်းလေးကို အနားရှိစားပွဲပေါ်တင်လိုက်သည်။

" ဦးနေ....."

" ကိုယ်တော့ဖြင့် ချစ်ပန်းလေးနဲ့ဆုံခွင့်ရတာကို သိပ်ကျေးဇူးတင်ခဲ့တာ။ ချစ်ပန်းလေးက ဒီဘဝ၊ဒီသံသရာမှာ ကိုယ်ဆုံတွေ့ခဲ့ရတဲ့ ရေစက်တွေထဲ အလှပဆုံးပဲ။ "

ဒေါ်ခင်ထားဆွေ ပြုံးမိသလို နေမင်းသက္ကလိုလူက ကိုယ့်သမီးလေးအပေါ် မြတ်မြတ်နိုးနိုးရှိလှသည်အား သဘောကျလှသည်။ နေမင်းသက္ကလို ဒိတ်ဒိတ်ကျဲချမ်းသာသော စီးပွားရေးသမားအနား ခြွေချခံချင်သည့် ပန်းပွင့်တွေမှ ဥယျာဥ်ကြီးတစ်ခြံလောက်ရှိသည်။ ဒါကိုမှ နေမင်းသက္ကသည် ချစ်ပန်းနှင်းဆီတစ်ယောက်ကိုသာ စွဲစွဲမြဲမြဲ အချစ်ကြီးချစ်သည်။

ချစ်ခြင်းမေတ္တာ ယုံကြည်စွာဖြင့် Where stories live. Discover now