💗 ချစ်ခြင်းမေတ္တာ ယုံကြည်စွာဖြင့် 💗

6.7K 100 7
                                    

Part - 8

တစ်လ......တစ်လအတွင်း ချစ်ပန်းနှင်းဆီမှာ သိသိသာသာပိန်ကျလာသလို ဆေးဖြတ်ထားသည့်အရှိန်က ပိုချူချာလာသလိုပင်။ သူမလေးလောက် နှာစေးချောင်းဆိုးဖြစ်သည့်လူမရှိသလို ချမ်းတတ်လိုက်သည်မှာလဲ ပြောစရာပင်မရှိ။

နေမင်းသက္က ထမင်း၊ ပန်းကန်တွေကို လင်ဗန်းလေးထဲထည့်ကာ အပေါ်ထပ်တက်လာခဲ့၏။ အခန်းတံခါးကိုတွန်းဖွင့်လိုက်သည်နှင့် အိပ်ယာလေးထက်ထိုင်ကာ တစ်ယောက်ထဲ ပြုံးရယ်နေသည့် ချစ်ပန်းလေးကို မြင်လိုက်ရသဖြင့် သက်ပြင်းချမိသွားရသည်။ ကြည့်ရတာ ကယောင်ချောက်ချား ဖြစ်နေပုံပင်။

" ကလေးလေး ထမင်းစားမယ်လေ......"

" ဦးနေ ဘယ်က ကလေးလေးလဲမသိဘူး.... ချစ်စရာလေးနော် ခစ် ခစ်။ "

နေမင်းသက္က ဟန်ဆောင်ပြုံးလိုက်မိရင်းမှ.....

" ဟုတ်ပဗျာ......တကယ့်ချစ်စရာလေး။ ကဲ ထမင်းစားမယ်နော် ။ "

နေမင်းသက္က ထမင်းကိုချော့ကျွေးရင်း ပိန်သွားတာ သတိထားမိသည်မို့ အစားအသောက်ကို ဂရုတစိုက်ကျွေးသည်။ အားရှိနေဖို့လိုတာ သူသိသလို ချစ်ပန်းလေးအား ဂရုစိုက်နိုင်မှ တော်ကာကျသည် မဟုတ်လား။

တီ ......တီ........တီ

ကားဟွန်းတီးသံကြောင့် ဧည့်သည်ရောက်လာမှန်းသိလိုက်သလို တခဏအတွင်း အခန်းထဲပြေးဝင်လာသည့် ကိုစက်။

" ကိုစက် ဘာဖြစ်လာတာလဲ.... "

" မေမေကြီး.....မေမေကြီး ရောက်နေတယ်။ "

ဟင်....။
နေမင်းသက္က အံ့သြသွားရသလို ချစ်ပန်းနှင်းဆီလဲ မျက်နှာလေး ငယ်ကျသွား၏။ မေမေက ဘယ်လိုသိသွားလဲ မသိပေမယ့် ဒီအထိတောင်ရောက်လာပြီဆိုတော့ အကုန်သိမှာပင်။

ဒေါ်မြသက်လျာ ဧည့်ခန်းထဲထိုင်နေရင်းမှ သူမရှေ့ မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် သူငယ်ချင်းဖြစ်သူ ဒေါ်ခင်ထားဆွေကို ခပ်တည်တည် စိုက်ကြည့်လိုက်၏။

" ဆွေ့ကို အဲ့လိုမထင်ခဲ့ဘူး......ဆွေ့သမီးအရမ်းမိုက်တယ်။ "

" သက်လျာရယ် ဆွေလဲ သိပေမယ့်....."

ချစ်ခြင်းမေတ္တာ ယုံကြည်စွာဖြင့် Onde histórias criam vida. Descubra agora