💛 ချစ်ခြင်းမေတ္တာ ယုံကြည်စွာဖြင့် 💛

1.9K 53 2
                                    


🌸 Part - 6 🌸

တိုက်ခန်းလေးထဲရှိ ဆိုဖာပေါ် မျက်ဝန်းနက်နက်လေးကို မှေးမှိတ်ကာ ဇိမ်ခံနေသည့် ချစ်ပန်းနှင်းဆီ ။ သူမနှင့်မလှမ်းမကမ်းတွင် မင်းသာကီရှိသလို နံရံကိုမှီ၍ မျက်လုံးတို့မှိတ်ထား၏။ ခဏကြာတော့ ချစ်ပန်းနှင်းဆီ မျက်ဝန်းတို့ကို ဖွင့်လာကာ ထိုင်ရာမှ ထရပ်ရင်း.....

" ငါ ပြန်တော့မယ်..... "

" နှင်းဆီ....."

ချစ်ပန်းနှင်းဆီ အခန်းတံခါးဖွင့်နေရာမှ လှည့်ကြည့်လိုက်တော့ မင်းသာကီက ထိုင်နေလျက်မှ....

" နင့်မှာကျန်ရင် ပေးခဲ့ဦး.....ငါပြတ်ခါနီးဖြစ်နေလို့။ "

ချစ်ပန်းနှင်းဆီ စလင်းဘတ်အိတ်လေးထဲမှ ပိုက်ဆံထုပ်တစ်ထုပ်ကိုယူကာ ပစ်ပေးလိုက်ရင်း.....

" ကိုယ့်ဘာသာဝယ်လိုက်.....ငါ့မှာလဲ တစ်ခါသုံးပဲကျန်တယ်။ "

တိုက်ခန်းထဲမှ ထွက်လာခဲ့ရင်း ကားပေါ်ရောက်သည်နှင့် တန်းမမောင်းနိုင်သေးပဲ မှေးနေရသေးသည်။ နှင်းဆီလက်ထဲမှာ ငွေမကျန်တော့။ ဆေးကလဲ လက်ထဲပြတ်တော့မည်။ ကားလေးကို ဦးနေရဲ့ ကုမ္ပဏီဆီ ဦးတည်ရင်း မောင်းလာခဲ့သလို ကားပေါ်မှဆင်းလိုက်သည်နှင့် လူက အနည်းငယ်ယိုင်သွားသဖြင့် မနည်းဟန်ချက်ပြန်ထိန်းရသေးသည်။

နေမင်းသက္က ဧည့်သည်တွေနဲ့ လုပ်ငန်းကိစ္စ စကားပြောနေစဥ် အခန်းတံခါးပွင့်လာကာ ဝင်လာသည့် ချစ်ပန်းလေးကိုမြင်တော့ အံ့သြသွားရသည်။

" ချစ်ပန်းလေး......"

" ဦးနေ.....အယ်...ဧည့်သည်တွေရောက်နေတယ်။ "

" လာလေ ကလေးရဲ့ .....အနားလာထိုင်။ "

နှင်းဆီ ဦးနေအနားဝင်ထိုင်လိုက်သည်နှင့် ဦးနေက နှင်းဆီပခုံးကိုအသာဖက်ရင်း မိတ်ဆက်ပေးလာသည်။

" စေ့စပ်ပွဲတုန်းက မြင်ဖူးကြမှာပါ.....ကလေးလေး ဒါကိုယ်တို့ အသစ်ဖွင့်မယ့်စက်ရုံရဲ့ စပ်တူလုပ်မယ့်သူဌေးလေ....."

" ဟုတ်.....တွေ့ရတာဝမ်းသာပါတယ်။ "

နေမင်းသက္က ခေါင်းလေးငုံ့ကာ နှုတ်ဆက်နေသည့် ချစ်ပန်းနှင်းဆီမျက်နှာလေးအား ဘေးမှခပ်ပြုံးပြုံးငေးစိုက်ကြည့်ရင်း ခေါင်းလေးကို ချစ်စနိုးဖြင့်ဖွဖွပွတ်သပ်လာသည်။

ချစ်ခြင်းမေတ္တာ ယုံကြည်စွာဖြင့် Donde viven las historias. Descúbrelo ahora