💛 ချစ်ခြင်းမေတ္တာ ယုံကြည်စွာဖြင့် 💛

2.2K 69 4
                                    


🌸 Part - 3 🌸

! ဒေါက် ဒေါက် ဒေါက်!

" သမီးရေ......သမီး....ထတော့လေ....ဟဲ့ မိချစ် ထဦးလို့ ။ "

ချစ်ပန်းနှင်းဆီ အိပ်ယာလေးထက် အိပ်ပျော်နေရာမှ မေမေ့နှိုးသံ အခန်းတံခါးကိုအဆက်မပြတ်ခေါက်နေသံတို့ကြောင့် လူးလွန့်လာရင်း နှာခေါင်းလေးရှူံ့မိသွား၏။ ဆက်တိုက်ကို ခေါ်နေတာမို့ အတင်းကုန်းရုန်းထလာကာ အခန်းတံခါးကို ဆွဲဖွင့်လိုက်၏။

" မေမေကလဲ.....ဘာလို့အတင်းလာနှိုးနေတာလဲ။ "

" အောက်မှာ မောင်နေမင်းသက္ကပို့လိုက်တာတဲ့.....ကားတစ်စီးရောက်နေတယ်။ ကားအသစ်ကြီး.....။ "

" ဟမ်...."

နှင်းဆီ တအံ့တသြဖြစ်သွားရသလို အောက်ထပ်အမြန်ဆင်းလာကာ အိမ်ထဲမှထွက်လာတော့ ခြံထဲ အပြာရောင်ကားအသစ်တစ်စီး ရောက်နေကာ ဘေးမှာလဲ ဝန်ထမ်းပုံစံကောင်လေးတစ်ဦးက အသင့်ရပ်နေ၏။

" ဒီကားက.... "

" ဦးနေမင်းသက္က ပို့ခိုင်းလိုက်တာပါ ခင်ဗျာ။ ငွေအကုန်ချေပြီးသားမို့ အသင့်စီးရုံပါပဲ။ "

ချစ်ပန်းနှင်းဆီ မျက်ခုံးလေးတစ်ဖက် မြင့်တက်သွားရရင်း....

" ဒီကားက ဘယ်လောက်လဲ။ "

" ဟုတ်ကဲ့.....သိန်း 690 ပါခင်ဗျာ။ Luxury type ပါ။ ကားမောင်းသူရဲ့ပင်ပန်းနွမ်းနယ်မှု အိပ်ငိုက်ခြင်းရှိမရှိကို သတိပေးတဲ့စနစ်ပါသလို ကားမောင်းသူကို Safe ဖြစ်အောင် အတတ်နိုင်ဆုံး စီစဥ်ပေးထါးတဲ့ Function ပါပါတယ်။ "

! တူ....တူ....တူ!

ဖုန်းမြည်သံကြောင့် နှင်းဆီအိမ်ဘက်ငဲ့ကြည့်မိသလို မအေးက နှင်းဆီဖုန်းလေးယူရင်း ကပျာကယာ အနားလျှောက်လာ၏။

" ဦးနေမင်းသက္က ဆက်နေတာ ချစ်ပန်း။ "

ချစ်ပန်းနှင်းဆီ ဖုန်းကိုင်လိုက်တာနှင့် တစ်ဖက်မှ ဆွဲဆောင်မှုပြင်းသည့် အသံသြသြကြီးက ထွက်လာသည်။

" ကလေးလေး နိုးပြီလား....."

" နိုးပြီပေါ့.....စောစောစီးစီး ကားကြီးပို့ပြီး အိပ်ရေးတမင်ပျက်အောင် လုပ်တာ ဘယ်သူလဲ။ "

ချစ်ခြင်းမေတ္တာ ယုံကြည်စွာဖြင့် Donde viven las historias. Descúbrelo ahora