"ဟ! မင်းဟာက အဓိပ္ပာယ်မရှိလိုက်တာ ဂျောင်၀န်းရာ"
ဂျောင်၀န်းရဲ့စကားအဆုံး ဆောင်းဟွန်းရဲ့ တုံ့ပြန်မှုက ထိုသို့ဖြစ်လေတယ်။
ပါးစပ်ကနေ အဓိပ္ပာယ်မရှိဘူးသာဆိုတယ် မျက်လုံးတွေကတော့ စိတ်၀င်စားမှုကြောင့် အရောင်ေတွတောက်နေတဲ့ သူ့အစ်ကိုဆောင်းဟွန်းကို ဂျောင်၀န်း မဲ့ပြုံးပြုံးကာ ကြည့်လိုက်တယ်။
*ဟမ့် စိတ်မ၀င်စားတာလဲမဟုတ်ဘူး လာမူနေသေးတယ်
သူ့အကြောင်းမသိတာကျလို့*ဂျောင်၀န်းပြောတာလဲအမှန်ပင်။
သူ့အစ်ကို၀မ်းကွဲဖြစ်သူ ဆောင်းဟွန်းက ဂျောင်၀န်းငယ်ငယ်ေလးထဲက ပေါင်းသင်းလာတဲ့ အဖော်တစ်ယောက်ဆိုလဲမမှား။
ဒီတော့ ဆောင်းဟွန်းအကြောင်း ဂျောင်၀န်းက အူမချေးခါးမကျန် အကုန်သိသလို ဆောင်းဟွန်းကလဲ ဂျောင်၀န်းပါးစပ်ဟလိုက်တာနဲ့ အူဘယ်နှခွေရှိတယ်ဆိုတာကအစ သိပြီးသားဖြစ်နေတာလဲမဆန်းတော့။
မဟုတ်တာလုပ်လဲအတူတူ၊ ဟုတ်တာလုပ်လဲအတူတူ...အဲ မှားလို့ နှစ်ယောက်ပေါင်းပြီး တစ်သက်လုံးနေလို့ ဟုတ်တာတစ်ခုမှမလုပ်ဖူးတဲ့အတွက် ဒါကိုတော့ ထည့်ပြောလို့မဖြစ်ဘူး။
ထားပါတော့လေ။
ပြောချင်တာက ဆောင်းဟွန်းနဲ့ ဂျောင်၀န်းတို့ဟာ ညီအကို၀မ်းကွဲဆိုတာထက် လောကကြီးကို ပတ်မွှေဖို့ဆိုရင် နှစ်ခါတိုင်ပင်စရာမလိုတဲ့ အော့ကြော့လန် ဆတ်ဆတ်ကြဲ ပုလင်းတူဘူးဆို့ ပါတနာတွေလို့ ဆိုရရင် ပိုမှန်မယ်။
ထားပါ...ပတ်ခ်ဆောင်းဟွန်းနဲ့ယန်းဂျောင်၀န်းတို့ မွှေချက်တွေကတော့ ပြောလို့ကိုဆုံးမှာမဟုတ်လို့ မပြောပြတော့ပါဘူး။
အားမနာတမ်းပြောရရင် "ဆရာမနိုင်နှစ်ဆောင်ပြိုင်"တို့၊ "နှစ်ယောက်ပေါင်းလောင်းကျော်"တို့ဆိုတဲ့စကားတွေက သူတို့နှစ်ယောက်ကို တင်စားဖို့ တီထွင်ထားသည့်အလားပါပဲ။
အိမ်ကမိဘတွေအစ ကျောင်းက ဆရာတွေအဆုံး၊တစ်ရပ်ကွက်လုံးပါမကျန် စိတ်ဒုက္ခပေးဖို့ဆိုရင် သူတို့နှစ်ေယာက်ထိပ်ဆုံးက။
YOU ARE READING
ᴡʜᴇɴ ᴀ ʜᴀɴᴅꜱᴏᴍᴇ ɪᴅɪᴏᴛ ɪꜱ ꜱᴛᴀʀᴛɪɴɢ ᴛᴏ ꜰᴀʟʟ ꜰᴏʀ ᴀ ᴄᴜᴛᴇ ᴡᴇɪʀᴅᴏ...
FanfictionᎫᎪᏦᎬ× ՏႮΝᏀᎻϴϴΝ a Sungjake shortstory written in burmese 23.08.2023