နေ့လည်စာစားချိန်မတိုင်မီထဲက အထက်ကျောင်း၏ forum တစ်ခုလုံးတွင် တစ်စုံတစ်ယောက်ခိုးရိုက်ထားသော ဆောင်းဟွန်းတစ်ယောက် ကြက်ဥနဲ့ နဖူးရိုက်ခွဲခံလိုက်ရတဲ့ Vd က ပျံ့နှံ့လို့နေလေပြီဖြစ်တယ်။
Cmt section တစ်ခုလုံး "Hahaha"တွေနဲ့ ပြည့်နှက်လို့နေပြီး ကျောင်းလူဆိုးလေးရဲ့ ပိုးပန်းနည်းအထူးအဆန်းတွေရယ်၊ အထုခံလိုက်ရပြီး အနိုင်ကျင့်ခံနေရသလိုခံစားေနရတဲ့ ငိုမဲ့မဲ့ရုပ်လေးရယ်ကြောင့် တစ်ကျောင်းလုံးကကျောင်းသားတွေခမျာ ရယ်လိုက်ရတာ မျက်ရည်ပင်ထွက်မတတ်ပင်။
ဆောင်းဟွန်းတို့ အခန်း၃ကလူတွေအတွက်ကတော့ ဆောင်းဟွန်းနဲ့တစ်ခန်းတည်းဖြစ်နေရတာအတော်ကိုဒုက္ခရောက်လို့နေကြရှာတယ်။
သူတို့ခမျာ ဆောင်းဟွန်းမျက်နှာမြင်လေ တွေးတွေးပြီးရယ်ချင်လေဖြစ်ရရှာသော်လည်း သုန်မှုန်ပြီး အုံ့မှိုင်းမဲမှောင်နေတဲ့ ဆောင်းဟွန်းမျက်နှာကြီးကြောင့် ပေါ်တင်လဲမရယ်ရဲပေ။
စူပုတ်ပုတ်ေဆာင်းဟွန်းမျက်နှာကြီးကို လျစ်လျူရှုကာ ပေါ်တင်ရယ်ရဲသောတစ်ယောက်သောသူဟာတော့ ဆောင်းဟွန်း၏ ချစ်လှစွာသော ညီ၀မ်းကွဲလေး ဂျောင်၀န်းသာဖြစ်လေတယ်။
ကာယကံရှင် ဆောင်းဟွန်းမှာတော့ နေရာတွင် လက်ပိုက်ကာ မျက်ခုံးကြီးစုကြုံ့လျက် နှုတ်ခမ်းဆူထော်ရင်း လိုင်းပေါ်ကမြှောက်ပေးတဲ့လူတွေကိုတရားစွဲရင်ကောင်းမလား စဉ်းစားနေတာပေါ့။
သည်လိုနဲ့ပဲ ကျောင်းဆင်းချိန်ရောက်ပြီး အိမ်ပြန်လာတဲ့အခါ အလုပ်မှပြန်လာသော ဒေါ်လေးခမျာ ဆောင်းဟွန်းကိုမြင်ပြီး ဘုရားတသွားရရှာလေတယ်။
*အိုးခိုင်မော့ အဲလေ ဟုတ်ပါဘူး အိုးမိုင်ဂေါ့ဒ်*
ဒေါ်လေးက ဇွန်ဘီတစ်ကောင်လို ပုံမကျပန်းမကျ ရွဲ့တိရွဲ့စောင်း စိတ်မပါလက်မပါတရွတ်ဆွဲပြီးလမ်းလျှောက်ရင်း အိမ်ပြန်လာတဲ့ ချစ်စရာတူလေးကိုကြည့်လိုက်တယ်။
ပတ်ခ်ဆောင်းဟွန်းရဲ့ရုပ်ချောချောလေးကိုသာမြင်ရင် သူ့တူတစ်ယောက်ဇွန်ဘီပဲဖြစ်သွားပြီလားလို့တောင် သံသယရှိနေပြီရယ်။
YOU ARE READING
ᴡʜᴇɴ ᴀ ʜᴀɴᴅꜱᴏᴍᴇ ɪᴅɪᴏᴛ ɪꜱ ꜱᴛᴀʀᴛɪɴɢ ᴛᴏ ꜰᴀʟʟ ꜰᴏʀ ᴀ ᴄᴜᴛᴇ ᴡᴇɪʀᴅᴏ...
FanfictionᎫᎪᏦᎬ× ՏႮΝᏀᎻϴϴΝ a Sungjake shortstory written in burmese 23.08.2023