✨3✨

536 64 102
                                    

ဆောင်းဟွန်းက အိပ်ရာခေါင်းရင်းကို မှီကာထိုင်ရင်း laptop ကိုပေါင်ပေါ်တင်ကာ ငိုင်လို့နေလေတယ်

တကယ်တော့ သူငိုင်နေရတဲ့အကြောင်းရင်းက Crush အသစ်စက်စက်လေး ဂျယ်ယွန်းကြောင့်သာဖြစ်တယ်

ဆောင်းဟွန်းက အမှန်အတိုင်း၀န်ခံရရင် ဂျယ်ယွန်းကို သူ့ရည်းစားလေး တကယ် ဖြစ်လာစေချင်နေခဲ့တယ်။

အစက မခံချင်စိတ်နဲ့ စိန်ခေါ်မှုသက်သက်ပဲမို့ ဂျောင်၀န်းကိုနိုင်ရင်ပြီးရော‌ဆိုပြီးစခဲ့တဲ့ဇာတ်လမ်း‌ဆိုပေမဲ့ ဒီနေ့ ‌ဂျယ်ယွန်းကို လူကိုယ်တိုင်တွေ့လိုက်ရတော့ ထိုကောင်လေးဟာ တကယ့်ကို ချစ်စရာလေးလို့ တွေးမိသွားတယ်။

ဂျယ်ယွန်းရဲ့ နှုတ်ခမ်းရဲရဲလေးနဲ့ မျက်လုံးတောက်တောက်လေးတွေကို ပြန်တွေးမိတဲ့အခါ ဆောင်းဟွန်းနားရွက်လေးတွေက ပန်းရောက်သန်းပြီး နှလုံးခုန်နှုန်းကလဲ အများကြီး မြင့်တက်လာသလိုပဲ။

ဆောင်းဟွန်းက အရင်တုန်းကဆိုလျှင် သူ့ကိုယ်သူ အဖြောင့်လို့တွေးထားပေမဲ့ ယခုလို ချစ်ဖို့ကောင်းတဲ့ကောင်လေးက သူ့ရည်းစားဖြစ်လာတာလဲမဆိုး‌ေလာက်ဘူးလို့ ထင်နေမိတယ်

ချစ်စရာကောင်းတဲ့ရည်းစားလေးကိုပိုင်ဆိုင်ခွင့်ရဖို့အတွက် ပထမဆုံးအဆင့်အနေနဲ့ ဆောင်းဟွန်းက ဒီနေ့ ဖွင့်ပြောခဲ့ပြီးပြီဖြစ်တယ်။

ခက်တာကတော့ နောက်ထပ် အဆင့်တွေကို သူဘယ်လိုဆက်လုပ်ရမယ်မှန်း နည်းနည်းလေးတောင်သိမနေတာပဲ။

အဲ့ဒီ့တော့လဲ ဘာတတ်နိုင်မှာလဲ

မင်းမသိတာရှိရင် မင်းထက်သိတဲ့ ဆရာကြီးတွေကိုအားကိုးလိုက်ရုံပဲပေါ့

အဲ့သလိုတွေးလိုက်ပြီး ဆောင်းဟွန်းက အင်တာနက်ပေါ်မှာစာကြောင်းတချို့ရိုက်ကာ ပို့စ်တင်လိုက်တယ်။

"အခန်းတစ်ခန်းကျော်က Crush အမြန်ဆုံးပြန်ကြိုက်အောင်ဘယ်လိုလုပ်ရမလဲ???"

(၁)👤 : [ oh! ဒီလိုမေးခွန်းမျိုး! သေချာပေါက် လူသစ်လေးပဲဖြစ်ရမယ် ဒီက မမကိုသာ အားကိုးလိုက်တော့ ချက်ချင်းပြန်ကြိုက်စေရမယ်]

ᴡʜᴇɴ ᴀ ʜᴀɴᴅꜱᴏᴍᴇ ɪᴅɪᴏᴛ ɪꜱ ꜱᴛᴀʀᴛɪɴɢ ᴛᴏ ꜰᴀʟʟ ꜰᴏʀ ᴀ ᴄᴜᴛᴇ ᴡᴇɪʀᴅᴏ...Where stories live. Discover now