နောက်ဆုံးလက်ကျန် ထမင်းတစ်လုတ်အား ပါးစပ်ထဲထည့်ပြီးနောက် ဆောင်းဟွန်းက ပန်းကန်ပြားကိုမကာ ထလိုက်တယ်
ဒေါ်လေးပတ်ခ်က သူ့တူအား ချက်ချင်းပြန်ဆွဲကာ ဆောင်းဟွန်းလက်ထဲမှပန်းကန်ကို လုယူလိုက်တာမို့ ဆောင်းဟွန်းက အထွန့်တက်လေတယ်။
"ဒေါ်လေးကလဲ ကျွန်တော့်ဘာသာဆေးပါ့မယ်ဆို"
"အမလေး ငါ့ဘာသာဆေးပါ့မယ် ကျေးဇူးရှင်ရယ်
မဟုတ်ရင် ဒီလအတွင်း နင်ခွဲခဲ့တဲ့ ပန်းကန်ပြားအရေအတွက်က ၁၂ ချပ်ကနေ ၁၃ချပ်ဖြစ်နေပါ့မယ်"
ဒေါ်လေးစိတ်ပူတာလဲမမှားေပ။
ဆောင်းဟွန်းတစ်ေယာက် မီးဖိုချောင်တဲ့အချိန်တိုင်း ပန်းကန်ေလးဆေးရုံနဲ့တင်ကို သည်းထိတ်ရင်ဖို အက်ရှင် ဇာတ်ကားအလား တဒုန်းဒုန်း တဒိုင်းဒိုင်းနဲ့ ပန်းကန်တွေလဲ ရစရာကိုမရှိတာ။
ကြာတော့ ဒေါ်လေးလဲ ပတ်ခ်ဆောင်းဟွန်းကို မီးဖိုချောင်ထဲ မ၀င်ရဆိုပြီး အခုလို အမိန့်ထုတ်ထားရတော့တာပါပဲ။
ဆောင်းဟွန်းကလဲ ကူလုပ်ပေးတာကိုတောင် သူ့ဒေါ်လေးက အကြောက်အကန် ငြင်းဆိုေနတာကြောင့် ဆက်မပြောတော့ဘဲ ပန်းကန်လေးချကာ ပျော်ေပျာ်ကြီးထလာခဲ့တော့တာပေါ့။
အဲ့ဒီ့နောက်တော့ ညစာစားပြီးတာနဲ့ ဂျောင်၀န်းက ဆောင်းဟွန်းကို အင်တာနက်ဆိုင် သွားဖို့အဖော်စပ်လေတယ်။
သို့သော် ဒီတစ်ခါမှာတော့ ဆောင်းဟွန်းက ထူးထူးဆန်းဆန်းငြင်းလိုက်တာကြောင့် ဂျောင်၀န်းမျက်လုံးလေးပြူးကျယ်သွားတော့တယ်။
"ဟျောင်း နေမကောင်းဘူးလား ဂိမ်းဆိုင်ကိုတောင်မလိုက်ဘူးပြောနေတယ် တကယ်ကြီးလား??"
ဆောင်းဟွန်းက ဂျောင်၀န်းအား ခေါင်းခေါက်ပစ်လ်ိုက်ကာ
"ကိုယ့်ဘာကိုယ်သွားစမ်းကွာ ငါဒီမှာ လုပ်စရာရှိသေးတယ်"
YOU ARE READING
ᴡʜᴇɴ ᴀ ʜᴀɴᴅꜱᴏᴍᴇ ɪᴅɪᴏᴛ ɪꜱ ꜱᴛᴀʀᴛɪɴɢ ᴛᴏ ꜰᴀʟʟ ꜰᴏʀ ᴀ ᴄᴜᴛᴇ ᴡᴇɪʀᴅᴏ...
FanfictionᎫᎪᏦᎬ× ՏႮΝᏀᎻϴϴΝ a Sungjake shortstory written in burmese 23.08.2023