20

1.3K 174 6
                                    

'' ကံကောင်းလို့ပေါ့ ခင်ဗျားသာ သွေးပေးလိုက်ရင် ပြဿနာက ရှင်းလို့ရပါ့မလားမသိတော့ဘူး"

တော့ရစ်က သက်ပြင်းရှည်ကြီး ချပြန်သည်။
"ခင်ဗျား အပြင်ကိုလိုက်ခဲ့လို့ရမလား"

မိုမို အဖြေမပေးခင် အခန်းထဲသို့ခဏကြည့်လိုက်ကာ ခေါင်းငုံ့လိုက်သည်။ ထို့နောက် ခေါင်းပြန်မော့ကာ ပြောလိုက်သည်။

"ကောင်းပါပြီ"

"ဟုတ်ပြိ"

ထို့နောက်တော့ရစ်က ရှေကဦးဆောင်ကာ နေရာတစ်နေရာသို့ ခေါ်သွားလေသည်။

လမ်းတွင်လည်း အစောင့်တွေမမြင်အောင်ပုန်းကွယ်နေရသေးသည်။ နောက်မှသိလိုက်ရတာက သူတို့ နန်းတော်အပြင်ကိုရောက်နေပြီဖြစ်ကြောင်းပင်။

"အမ်..ဟိုလေ အခုကျွန်တော်တို့နန်းတော်အပြင်ကိုရောက်နေပြီလေ အဲ့တာ"

"စိတ်မပူပါနဲ့ ကျွန်တော့ လက်တွေ့ပြမှဖြစ်မယ့်အရာရှိလို့ပါ အာ့ကြောင့် ယုံကြည်ပေးဖို့တောင်းဆိုပါတယ်"

"ကောင်းပါပြီ"

..............

မိုမို နဲ့တော့ရစ် နှစ်ယောက်အတော်ကြာရေကူးပြီးနောက် သူ့ရှေ့တွင် မမြင်ရသော အကာရံတစ်ခုကိုတိုက်မိသွားသည်။

"ရောက်ပြီ"

တော့ရစ်က သက်ပြင်းချကာ သူ့လက်ကို ထိုမမြင်ရသောအကာရံပေါ် တင်လိုက်သည်။

မကြာခင်ထိုအကာရံက အပေါက်ငယ်လေးတစ်ခုဖြစ်လာကာ တော့ရစ်က မိုမို ကိုကြည့်ကာ အထဲသို့ဝင်ရန် ပြောလိုက်သည်။

မိုမိုက နန်းတော်ထဲကထွက်လာတည်းက ထိတ်လန့်ပြီး စိတ်လှုပ်ရှားနေခဲ့တာဖြစ်သည်။

သူဒီနေရာကိုလာတဲ့တစ်လျောက် ပုန်းလျို့ကွယ်လျှို့ဖြင့် လာရကာ သူနှင့်သိတောင်မသိ စကားတောင်ကောင်းကောင်း မပြောဖူးသော သူနောက်သို့လိုက်လာရသည်။

သူလမ်းတစ်ဝက်တွင် လှည့်ပြန်ရန်တွေးမိသည့် အကြိမ်ရေတွက်ကလည်း မရေမတွက် နိုင်ပေ။ တကယ်လို့ တော့ရစ်က တကယ့်ရေသူမင်းသားမဟုတ်ရင်ဆိုသည့် အတွေးကပါ ရုတ်တရက်ဝင်လာလေသည်။

ချစ်လှစွာသောသားရဲလေး ( ချစ်လှစွာသောသားရဲလေး)Where stories live. Discover now