21

1.8K 179 11
                                    

မိုမို တော့ရစ်အတိုင်း အော်ရိုခရစ်စတယ် နံရံကိုလက်ဖဝါးဖြင့်ထိလိုက်သည်။ အေးစိမ့်နေသော အထိတွေ့ကြောင့်သူ့တစ်ကိုယ်လုံး တုန်ယင်သွားကာ လျှပ်စီးလျော့ရိုက်လိုက်သလို ကျင်သွားပြီး အလိုလျောက်မျက်လုံးမိတ်လိုက်မိသည်။

ရုတ်တရက် သူရေထဲမှာရှိနေသလို မျောလွင့်နေသောခံစားချက်မှ ကမ္ဘာ မြေဆွဲအားသက်ရောက်မှု့ ခံရသည့်ခံစားချက်မျိုးရလိုက်သည်၊၊

သူမျက်လုံးဖွင့်လိုက်တော့ သူ့ရှေ့ကမြင်ကွင်းက လုံဝပြောင်းလဲသွားကာ အော်ရိုခရစ်စတယ် နံရံ ကြီးကမရှိတော့ဘဲ ထိုအစား မြူတွေနှင့်ဖုံးနေသော ကြာကန်တစ်ခုကိုရောက်နေသည်။

သူကလှေပေါ်မှာထိုင်နေကာ သူ့ရှေ့မှာတော့ တရုတ်ရှေးပန်းချီကားတွေလိုမျိုး မြင်ကွင်းတစ်ခုရှိနေသည်။ ကြာကန်ထဲတွင် ကြာပန်းပုံဖော်ထားသော မီးအိမ်ငယ်လေးတွေမျောနေကာ အလယ်တွင် နားနေဆောင်ပုံစံအဆောင်လေး တစ်ခုရှိသည်။

ထိုအဆောင်လေးကို အဖြူရောင်ပိုးစလိုက်ကာများဖြင့်ကာထားကာ အထဲတွင်တစ်စုံတစ်ယောက်ရဲ့အရိပ်ကို ဝိုးတိုးဝါးတားမြင်ရသည်။ ထိုအဆောင်လေးထဲတွင် နူးညံ့နေထွေးသော မီးအလင်းရောင်နှင့်အတူ သာယာသော ကုချင်းသံကိုကြားနေရသည်။

သူထိုင်နေသောသစ်သားလှေက ထိန်းချုပ်မှု့မပြုလုပ်ဘဲ ထိုအဆောင်ရှေ့မျောသွားလေသည်။

ဒုတ်

လှေထိပ်နှင့် အဆောင်ရဲ့ အောက်ခြေကထိမိပြီးတိုးညင်းသောအသံတစ်သံ ထွက်လာလေသည်။

ထို့နောက် ကျောက်စိမ်းကဲ့သို့ဖြူဖွေးလှပသော လက်တစ်ဖက်က ရှေ့ရှိ များပြားလှသော လိုက်ကာစများကိုဖယ်လိုက်သည်။

ထို့နောက်အဆောင်မှ အလွန်လှပသောအမျိုးသမီးတစ်ဦးပေါ်လာလေသည်။ သူမက အဖြူနှင့်အပြာ စပ်ထားသော လက်ကျယ်ရိုးရာ ဝတ်စုံဝတ်ထားကာ သူမရဲ့အဖြူရောင်ဆံနွယ်များကို ကြာပန်းပုံဆံထိုးလေးဖြင့်တစ်ဝက်သိမ်း ထာပြီး ကျန်တစ်ဝက်ကိုချထားလေသည်။ သူမနောက်တွင် လွင့်မျောနေသော အစတစ်ခုရှိပြီး ရှေးခေတ်ပန်းချီကားများက နတ်သမီးတွေဝတ်ထားသလိုဝတ်ဆင်ထားသည်။

ချစ်လှစွာသောသားရဲလေး ( ချစ်လှစွာသောသားရဲလေး)Where stories live. Discover now